ကမ္ဘာနဲ့တဝှမ်းမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ COVID-19 ရောဂါကြောင့် နိုင်ငံတိုင်း ခရီးသွားလာခြင်း ပိတ်ဆို့မှုတွေ ပြုလုပ်ထားကြပြီး အိမ်တွင်းမှာသာ နေထိုင်ဖို့ အသိပေး ကြေညာထားပါတယ်။
အိမ်တွင်းမှာ နေထိုင်ရတာ ကြာမြင့်လာတာနဲ့အမျှ ပျင်းရိ ငြီးငွေ့လာသူတွေအတွက် ပြုံးရယ်စရာ ဟာသများ တနေ့ တခုနှုန်းနဲ့ အိမ်ရှေ့မြေကွက်လပ်မှာ ဘုတ်တခု ထောင်ရင်း ပြောပြနေသူ တယောက်အကြောင်းကို ပြန်လည် မျှဝေပေးချင်ပါတယ်။
အစစအရာရာ ခက်ခဲနေတဲ့ အခုလို အချိန်မျိုးမှာ Los Angeles မြို့ နေထိုင်သူတဦးဟာ သူ့ရဲ့ အိမ်နီးချင်းတွေ ပြုံးရယ်ဖို့အတွက် ဟာသတွေကို တနေ့ တခုနှုန်းနဲ့ ပြန်လည် မျှဝေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကမ္ဘာတဝှမ်းမှာ Lockdown ပြုလုပ်မှုတွေ စတင်လိုက်ကတည်းက သူဟာ အိမ်နီးချင်းတွေအတွက် ဟာသတွေကို တခုပြီးတခု ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
အိမ်တွင်းမှာ နေထိုင်ရင်း ငြီးငွေ့ အထီးကျန်လာစေတဲ့ ခံစားမှုတွေကို ပျောက်ကွယ်သွားဖို့ သူ့အနေနဲ့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ၁၉၈၀ ခုနှစ်ကာလများမှာတော့ အခုလို ဟာသတွေကို ဘုတ်တခုမှာ ရေးသားတဲ့ အလေ့အထဟာ ခေတ်စားခဲ့ဖူးပါတယ်။
ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ဟာသတွေနဲ့ သူ့ရဲ့ အိမ်နီးချင်းတွေအတွက်တော့ တနေ့တာကို မငြီးငွေ့အောင် နေထိုင်ဖြတ်သန်းဖို့ တထောင့်တနေရာက အထောက်အပံ့ ပေးထားနိုင်တာပါ။ ရယ်စရာအပြင် တွေးစရာပါ ပါဝင်တဲ့ ဟာသတွေ ဖြစ်တာကြောင့် ဖတ်ကြည့်မိသူတိုင်းအတွက် ပြုံးရင်း တစိမ့်စိမ့် တွေးနေရမယ့် အကြောင်းအရာကို ရွေးချယ်ထားတာလည်း သူ့ရဲ့ စေတနာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်အချိန် ဘယ်ကာလအထိ အိမ်တွင်းမှာ နေထိုင်ရမယ်ဆိုတာ အတိအကျ မသိရသေးတဲ့ အခြေအနေတခုမှာ တယောက်ကို တယောက် နွေးထွေးပျူငှာတဲ့ ဆက်ဆံရေးတွေ လိုအပ်နေပြီး သူ့ရဲ့ အိမ်နီးချင်းတွေဟာ တနေ့တနေ့ အမည်မသိ လူတယောက်ဆီက ဘယ်လို ဟာသတွေ မျှဝေမလဲဆိုတာ စောင့်ကြည့်နေကြရပါတယ်။
Ref. boredpanda
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ်းကပ်ခွင့်မရတဲ့ သင်္ဘောတွေအကြောင်း မှားတင်ခဲ့တဲ့ Ronan Keating
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ Data အတွက် ဝက်ဘ်ဆိုက် ဖန်တီးလိုက်တဲ့ ကျောင်းသား