Trend

ကိုဗစ်ကာလအတွင်း ဂျပန် ဘွဲ့နှင်းသဘင်များမှာ စက်ရုပ်အစားထိုး အသုံးပြု ကျင်းပ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် နွေဦး ဘွဲ့နှင်းသဘင် ပြုလုပ်ခြင်းကို ဂျပန်နိုင်ငံမှာ ပိတ်ပင်ပြီးနောက် နေအိမ်အတွင်းမှာ ပိတ်မိနေတဲ့ ကျောင်းသားတွေအစား စက်ရုပ်များကို အသုံးပြုပြီး ဘွဲ့နှင်းသဘင်ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

တိုကျိုမှာရှိတဲ့ စီးပွားရေးတက္ကသိုလ် တခုဟာ “Newme” လို့ အမည်ပေးထားတဲ့ စက်ရုပ်များကို ဘွဲ့ဝတ်စုံများနဲ့ ဘွဲ့ဦးထုတ်များဆောင်းပြီး ဘွဲနှင်းသဘင် ကျင်းပခဲ့ပါတယ်။ စက်ရုပ်များရဲ့ မျက်နှာနေရာမှာ Tablet များ တပ်ဆင်ထားပြီး Tablet ရဲ့ မျက်နှာပြင်မှာတော့ နေအိမ်မှာပဲ နေထိုင်နေရတဲ့ ကျောင်းသားများက Video Call နဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

စက်ရုပ် တရုပ်ချင်းစီက တန်းစီပြီး ဘွဲ့လက်မှတ် ယူခဲ့ကြပြီး ကျောင်းတာဝန်ရှိသူများက ဂုဏ်ယူပါတယ် ဆိုတဲ့ ဂုဏ်ပြုစကားကို ပြောခဲ့ကြပါတယ်။

“ဒါက တကယ်ကို ရှားပါးတဲ့ အတွေ့အကြုံပါပဲ။ လူအများကြီးကို အသုံးပြုပြီး ကျင်းပရတဲ့ ဘွဲ့နှင်းသဘင်ကို အိမ်မှာနေရင်း ဆင်နွှဲရတာ။ ကျနော်ကတော့ ပျော်ပါတယ်”လို့ ဘွဲ့ယူကျောင်းသားတဦးဖြစ်တဲ့ Kazuki Tamura က ကွန်ပျူတာမှ တဆင့် ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ကမ္ဘာအနှံ့ကို ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းများကို ပိတ်ထားကြပြီး လူစုလူဝေး ပြုလုပ်ခွင့် မရှိတဲ့အတွက် အခုလို ဘွဲ့နှင်းသဘင်များကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံရှိ အခြားတက္ကသိုလ်များမှာလည်း စက်ရုပ်များနဲ့ ဘွဲ့နှင်းသဘင်တွေ ကျင်းပဖို့ရှိနေတယ်လို့ သိရပါတယ်။

Ref. Reuters

You may also like these stories:

ကိုဗစ် ပျောက်အောင် Dettol သောက်ပြီး လူသေဆုံးတဲ့ သတင်းက သတင်းတုဟု ဆို

တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်

Did you find apk for android? You can find new Free Android Games and apps.
Loading