ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၂,၃၆၉ ယောက် ရှိနေပြီး သေဆုံးသူပေါင်းက ၃၀ ဦးအထိ ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ထိုင်းအစိုးရအနေနဲ့ COVID-19 ကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။
ဖူးခက်မှာ ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်တွေကိုလည်း အကန့်အသတ်နဲ့သာ ဖွင့်လှစ်ခွင့်ပြုထားပြီး အကြောင်းရှိလို့ အပြင်ထွက်မယ်ဆိုရင်လည်း Mask တပ်ရမယ်လို့ ညွှန်ကြားထားပါတယ်။
ဖူးခက်ကို ရောက်ရှိနေတဲ့ ပြင်သစ်လူမျိုး တဦးဟာ Mask မတပ်ဘဲ အပြင်ထွက်တဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ အပြင်ထွက်ရင် Mask တပ်ဖို့ လိုအပ်လာပါပြီ။ မြန်မာနိုင်ငံ သားတွေအနေနဲ့လည်း အပြင်ထွက်ရင် Mask တပ်ဖို့ လိုပါတယ်။
Mask မတပ်ဘဲ အပြင်ထွက်တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ပြင်သစ်နိုင်ငံသားဟာ အသက် ၂၇ နှစ်အရွယ် ရှိပြီး Djemouai Mhedi ဆိုသူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ကူးစက်ရောဂါ တားဆီးရေးကော်မတီက အပြင်ထွက်ရင် Mask တပ်ရမယ် လို့ ညွှန်ကြားထားပါတယ်။ ညွှန်ကြားထားတဲ့အမိန့်ကို ဖောက်ဖျက် သူမှန်သမျှ အရေးယူခံရမယ်လို့ ဆိုထားပါတယ်။
လက်ရှိအချိန်ထိ တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကူးစက်ခံနေရသူပေါင်း ၁၅ သိန်းကျော် ရှိသွားခဲ့ပြီဖြစ်ပြီး သေဆုံးသူပေါင်းက ၈၈,၅၀၂ ယောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့် လူတွေအနေနဲ့ ပေါ့ဆ မနေသင့်ပါဘူး။
မြန်မာနိုင်ငံမှာလည်း ကူးစက်ခံရသူပေါင်း ၂၂ ယောက်ရှိနေပြီး ၃ ယောက် သေဆုံးခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဆယ်ဂဏန်းလောက်သာ ရှိသေးပေမယ့် ကူးစက်မှုနှုန်းက မြင့်တက်သွားနိုင်ပါတယ်။ ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ကူးစက်မှုနှုန်း ရုတ်တရက် မြင့်တက်ခဲ့တာကို တွေ့နိုင်ပါတယ်။
Ref. Bangkokpost
You may also like these stories:
ကိုဗစ်ကာလအတွင်း ဂျပန် ဘွဲ့နှင်းသဘင်များမှာ စက်ရုပ်အစားထိုး အသုံးပြု ကျင်းပ
Quarantine ကာလအတွင်း အိမ်နီးချင်းတွေ ပြုံးရယ်စေဖို့ ဟာသ နေ့စဉ် မျှဝေပေးနေသူ
ဖူးခက်မှာ ဒီနေ့ တရက်အတွင်း လူ ၁၄ ဦး COVID-19 ကူးစက်ခံရ