Trend

Mask တွေ ထုတ်လုပ်နေပြီဖြစ်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Louis Vuitton

ခွဲစိတ်ခန်းသုံး မဟုတ်တဲ့ Mask အမြောက်အများကို ကမ္ဘာနဲ့တဝှမ်းက သန်းပေါင်းများစွာသော လူတွေက လိုအပ်နေကြပြီး Mask တွေဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းလည်း ဖြစ်ပါတယ်။

ဧပြီလ ၈ ရက် ဗုဒ္ဓဟူးနေ့မှာတော့ နာမည်ကျော် လူ့အသုံးအဆောင် ကုမ္ပဏီတခုဖြစ်တဲ့ Louis Vuitton ဟာ သူတို့အနေနဲ့ လတ်တလော လိုအပ်နေတဲ့ Mask တွေကို ဈေးကွက်ထဲ တင်ပို့သွားဖို့ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ပြင်သစ်အခြေစိုက် ကုမ္ပဏီကြီးတခုဖြစ်တဲ့ LVMH ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာပဲ လက်သန့်ဆေးရည် ထုတ်လုပ်ဖို့ သူ့ရဲ့စက်ရုံတွေကို ပြောင်းလဲ အသုံးချခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ ကုမ္ပဏီရဲ့ ခေတ္တ ပိတ်သိမ်းထားတဲ့ စက်ရုံတွေကို အစိုးရ သဘောတူညီချက် ရယူကာ ပြန်ဖွင့်ခဲ့ပြီး ရာကျော်တဲ့ လက်မှုပညာရှင်တွေနဲ့ Mask တွေ ထုတ်လုပ်ဖို့ အဓိက ရည်ရွယ်ခဲ့ပါတယ်။

LV ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Michael Burke ဟာ Sainte-Florence အလုပ်ရုံက Volunteer လက်မှုပညာရှင် အယောက်၂၀ ကျော်ရဲ့ Mask ပြုလုပ်နေမှုကို သွားရောက် လေ့လာခဲ့ပါတယ်။

“Louis Vuitton အနေနဲ့ ထောင်ပေါင်းများစွာသော Mask တွေကို နိုင်ငံတွင်း အခွန်မဲ့ ဖြန့်ချိပေးဖို့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်သွားမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတိုင်းကို ကာကွယ်ပေးဖို့ရည်ရွယ်ပါတယ်” လို့ အသိပေး ကြေညာခဲ့ပါတယ်။

ထုတ်လုပ်ရရှိလာတဲ့ ၃၀ ရာခိုင်နှုန်းကိုသာ ဖြန့်ချိသွားမှာဖြစ်ပြီး ကျန်တဲ့ Mask တွေကိုတော့ ပင်စင်စား သက်ကြီးရွယ်အိုတွေအတွက် မျှဝေပေးသွားမှာလို့လည်း ဖော်ပြခဲ့ပါတယ်။

Mode Grand Ouest နဲ့ LV တို့ရဲ့ ပူးတွဲ ထုတ်လုပ်တဲ့ Mask ပရောဂျက်ဟာ ပြင်သစ်နိုင်ငံသားတိုင်းရဲ့ အသားအရေနဲ့ ကိုက်ညီအောင် ပြုလုပ်ထားတာကြောင့် မည်သူမဆို စိတ်ချက်လက်ချ အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း နိုင်ငံတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref. www.thecut.com

You may also like these stories:

အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း သေဆုံးသူ ၂၀၀၀ နီးပါး မြင့်တက်

ဖူးခက်မှာ Mask မတပ်ဘဲ သွားလာနေတဲ့ ပြင်သစ်လူမျိုး ဖမ်းဆီးခံရ

ကိုဗစ်ကာလအတွင်း ဂျပန် ဘွဲ့နှင်းသဘင်များမှာ စက်ရုပ်အစားထိုး အသုံးပြု ကျင်းပ

Loading