စင်ကာပူနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ စုစုပေါင်း ၁,၆၂၃ ယောက် ရှိနေပြီး ၆ ယောက် သေဆုံး ခဲ့ပါတယ်။ ဒါကြောင့် စင်ကာပူ အစိုးရအနေနဲ့ ပြည်ပက ပြန်လာတဲ့ စင်ကာပူနိုင်ငံသားတွေ အားလုံး သီးခြား သတ်မှတ်ထားတဲ့ နေရာတွေမှာ ၁၄ ရက်ကြာ နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။
ဒီညွှန်ကြားချက်ဟာ ဧပြီ ၉ ရက် ည ၁၁ နာရီ ၅၉ မိနစ် အချိန်မှာ စတင် အသက်ဝင်မှာဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပြည်ပမှ ပြန်လာတဲ့ စင်ကာပူ နိုင်ငံသားတွေကို ထားရှိမယ့် အဆောက်အဦတွေလည်း ထပ်မံ တိုးချဲ့ သွားမယ်လို့ သိရပါတယ်။ COVID-19 က ပေးတဲ့ဒုက္ခကို အရှေ့တောင်အာရှ နိုင်ငံတွေလည်း ခံစားနေရပါတယ်။ ကျွမ်းကျင် ပညာရှင်တွေရဲ့ခန့်မှန်းချက်အရ COVID-19 ဟာ ရေရှည်ဆက်ပြီး ဖြစ်နေဦးမယ့် ကပ်ရောဂါ တမျိုးပါ။
အစပိုင်းမှာတော့ စင်ကာပူအစိုးရအနေနဲ့ ယူကေနဲ့ အမေရိကန်နိုင်ငံက ပြန်လာသူတွေကိုသာ ၁၄ ရက်ကြာ သီးသန့် နေထိုင်မှု လုပ်ဖို့ ညွှန်ကြားထားပေးမယ့် နောက်ပိုင်းမှာတော့ အာဆီယံနိုင်ငံတွေ အပါ အဝင် ပြင်သစ်၊ အိန္ဒိယနဲ့ ဆွစ်ဇာလန်နိုင်ငံက ပြန်လာသူတွေကိုပါ ၁၄ ရက်ကြာ သီးသန့်နေထိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အခု လက်ရှိအချိန်မှာတော့ စင်ကာပူအစိုးရအနေနဲ့ နိုင်ငံအရပ်ရပ်က ပြန်လာတဲ့ နိုင်ငံသားတွေအတွက် ၁၄ ရက်ကြာ သီးသန့်နေထိုင်ရမယ့် အဆောက်အဦတွေကို အလုံအလောက် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံနေရသူပေါင်း ၁,၅၁၉,၀၁၂ ယောက်ရှိနေပြီး သေဆုံးသူပေါင်း ၈၈,၅၁၈ ယောက် ရှိသွားခဲ့ပါပြီ။ ပြန်လည် ကျန်းမာလာသူ ၃၃၀,၆၉၇ ယောက် ရှိသွားပြီလို့ သိရပါတယ်။
ဒီလို အချိန်မျိုးမှာ ပြည်ပက ပြန်လာသူတွေအနေနဲ့ အစိုးရရဲ့ ညွှန်ကြားချက်တွေကိုအထူး လိုက်နာသင့်ပါတယ်။ ဒါမှလည်း COVID-19 ကူးစက်မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
Ref. CNA
You may also like these stories:
Mask တွေ ထုတ်လုပ်နေပြီဖြစ်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Louis Vuitton
အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း သေဆုံးသူ ၂၀၀၀ နီးပါး မြင့်တက်
ဖူးခက်မှာ Mask မတပ်ဘဲ သွားလာနေတဲ့ ပြင်သစ်လူမျိုး ဖမ်းဆီးခံရ