Trend

ဗြိတိန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တရက်အတွင်း ၉၀၀ ကျော် ရှိလာ

Want create site? Find Free WordPress Themes and plugins.

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် တရက်အတွင်း သေဆုံးသူ ၉၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရရဲ့ ကြေညာချက်အရ ဧပြီလ ၈ ရက်နေ့မှာ သေဆုံးသူ ၉၃၈ ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၇၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

သေဆုံးသူများအနက် ၈၀၀ ကျော်ဟာ အင်္ဂလန်မှဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အိုင်ယာလန်၊ ဝေလ်နဲ့ စကော့တလန်တို့က ဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူ ၂ သိန်းကျော်ကို စမ်းသပ်မှု ပြုလုပ်ထားပြီး ကူးစက်ခံရသူ ၆ သောင်းကျော် ရှိနေတာ ဖြစ်ပါတယ်။

ကူးစက်ခံရသူများမှာ အသက် ၂၂ နှစ်မှ အသက် ၁၀၀ အတွင်းရှိသူများ ဖြစ်ကာ ရောဂါအခြေအနေဆိုးရွားသူတွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ သေဆုံးသူများထဲက ၄၆ ဦးကတော့ ရောဂါအခံ ရှိသူများ ဖြစ်တယ်လို့ သိရပါတယ်။

လန်ဒန်မြို့မှာ ကူးစက်ခံရသူ အများဆုံး ဖြစ်နေပြီး ကျန်တဲ့ မြို့မှာလည်း ကူးစက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံကို ပိတ်ဆို့မှုများပြုလုပ်ထားပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Boris Johnshon လည်း ရောဂါကူးစက်ခြင်းခံထားရပြီး အခြေအနေဆိုးရွားတာကြောင့် အထူးကြပ်မတ်ဆောင်မှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

Ref. The Guardian, skynews

You may also like these stories:

ထိုင်းမှာ ညမထွက်ရအမိန့် ချိုးဖောက်တာကြောင့် လူထောင်ကျော် အရေးယူခံရ

ပြည်ပပြန် စင်ကာပူနိုင်ငံသားများ Quarantine ၁၄ ရက် နေရမည်

အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း သေဆုံးသူ ၂၀၀၀ နီးပါး မြင့်တက်

Did you find apk for android? You can find new Free Android Games and apps.
Loading