ကိုဗစ်ပိုးကို ကောင်းကောင်းကြီး ဂုတ်ချိုးပြီး ထိန်းထားနိုင်တဲ့ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်ဝမ် ၃ နိုင်ငံမှာ ဒီတပတ်အတွင်း ရောဂါကူးစက်သူ လူနာအသစ်တွေ တိုးလာတာကို တွေ့ရပါတယ်။
စင်ကာပူမှာ အသစ်တွေ့တာက ၄၀၀ ခန့်ရှိပြီး Local transmission တွေ များပြီး ရွှေ့ပြောင်း အလုပ်သမားတွေ စုဝေးနေထိုင်တဲ့ နေရာမှာ အဖြစ်များတာကို တွေ့ခဲ့ရပါတယ်။
ထိုင်ဝမ်မှာဆိုရင်တော့ အခြားနိုင်ငံတွေက ကျောင်းသားတွေ၊ အလုပ်က ပြန်လာသူတွေဆီက ကူးစက်တဲ့နှုန်းက ပိုများနေတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ ရေးသားထားပါတယ်။ သူတို့တတွေဟာ ဥရောပ ဒါမှမဟုတ် အမေရိကားက ပြန်လာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဟောင်ကောင်မှာလည်း အလားတူတဲ့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာတွေကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ စင်ကာပူမှာဆိုရင် စစ်တပ်ထဲက မိသားစုဝင်တချို့ဟာ ပြင်သစ်နိုင်ငံမှာရှိနေစဉ် ကူးစက်ခဲ့တာဖြစ်ပြီး စင်ကာပူကိုပြန်ရောက်တော့ ရောဂါပိုးရှိကြောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
စင်ကာပူ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့မှာ ဗိုင်းရပ်စ်ပိုးကို ဂုတ်ချိုးနိုင်ခဲ့တယ်လို့ ချီးကျူးခံခဲ့ရပေမယ့် အခုလို လူနာအသစ်တွေ တွေ့ရှိနေတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေပြီး စင်ကာပူမှာတော့ Lockdown ကို မေလ ၄ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီး ကျောင်းတွေ၊ အလုပ်တွေကိုလည်း ပိတ်ထားဆဲ ဖြစ်ပါတယ်။
You may also like these stories:
ပြည်ပပြန် စင်ကာပူနိုင်ငံသားများ Quarantine ၁၄ ရက် နေရမည်
ထိုင်းမှာ ညမထွက်ရအမိန့် ချိုးဖောက်တာကြောင့် လူထောင်ကျော် အရေးယူခံရ