ကိုဗစ်-၁၉ ကြောင့် US မှာ သေဆုံးခဲ့သူပေါင်း ၁ သောင်း ကျော်ခဲ့ပါပြီ။ နယူးယောက်မှာ သေဆုံးသူပေါင်းက ၇၀၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ရဲ့ ဒဏ်ကြောင့် စီးပွားရေး လုပ်ငန်းတွေ အများအပြား ရပ်ခဲ့ရပါတယ်။ ကုမ္ပဏီတွေ ပိတ်လိုက်ရပါတယ်။ လေကြောင်းလိုင်းတွေ ခေတ္တရပ်နားလိုက်ရသလို ခရီးသွားလုပ်ငန်းတွေလည်း ရပ်ဆိုင်းလိုက်ရပါတယ်။
US ရဲ့ အလုပ်သမားရေးရာဌာန Labour Department ကတော့ လွန်ခဲ့တဲ့ သုံးပတ်အတွင်း လူပေါင်း ၁၆ သန်း အလုပ်လက်မဲ့ ဖြစ်သွားတယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ် ထွက်ရှိထားတဲ့ အစိုးရရဲ့မှတ်တမ်းအရတော့ ၆ ဒဿမ ၆ သန်း အလုပ်ပြုတ်သွားပြီလို့ သိရပါတယ်။
အစိုးရရဲ့ ထောက်ပံ့ကြေးကို ရဖို့အတွက် အမေရိကန် ၆ သန်းကျော်ဟာ တရားဝင် အလုပ်ပြုတ်ကြောင်း သတင်းပို့ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ပိုးရဲ့ဒဏ်ကြောင့် နေ့ချင်းညချင်း အလုပ်လက်မဲ့ ဖြစ်သွားသူတွေ ဖြစ်ပါတယ်။
You may also like these stories:
အသက် ၁၀၁ နှစ် ကိုဗစ်လူနာ ဆေးရုံကဆင်းပြီ
အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း သေဆုံးသူ ၂၀၀၀ နီးပါး မြင့်တက်
ဖူးခက်မှာ Mask မတပ်ဘဲ သွားလာနေတဲ့ ပြင်သစ်လူမျိုး ဖမ်းဆီးခံရ