အမေရိကန် သမ္မတကြီး ဒေါ်နယ်ထရမ့်ကတော့ Mask ဝတ်ရမယ့်ကိစ္စကို အင်တင်တင် လုပ်ခဲ့ပါတယ်။ CDC အဖွဲ့ကြီးကတော့ အမေရိကန် ပြည်သူပြည်သားတွေ Mask မျက်နှာဖုံး ဝတ်သင့်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။ သမ္မတကြီးကတော့ တာဝန်မဲ့စွာပဲ Mask ဝတ်တာ၊ မဝတ်တာဟာ သူ့ရဲ့ ဆုံးဖြတ်ချက် ပုံစံမျိုး ပြောခဲ့ပါတယ်။
As the CDC studies the spread of #COVID-19, they recommend people wear cloth face coverings in public settings when social distancing can be hard to do. Remember, this does NOT replace the importance of social distancing. pic.twitter.com/HRaQHFgXxn
— Melania Trump 45 Archived (@FLOTUS45) April 9, 2020
သမ္မတထရမ့်ရဲ့ အမျိုးသမီး Melania Trump ကတော့ Mask ဝတ်ထားတဲ့ သူမရဲ့ပုံကို ရိုက်ပြီး Twitter မှာ တင်လိုက်ပါတယ်။ CDC အဖွဲ့ကြီးက ဗိုင်းရပ်စ်ပိုးရဲ့ ပျံ့နှံ့မှုနှုန်းကို လေ့လာစူးစမ်းနေတဲ့ အချိန်မှာ Mask တပ်ဖို့ကို ညွှန်ကြားထားပါတယ်။ ဒါဟာ အားလုံးကို လုံခြုံဘေးကင်းဖို့အတွက်ပဲ ဖြစ်ပါတယ်ဆိုပြီး သမ္မတကတော်က Twitter မှာလည်း ရေးသားခဲ့ပါတယ်။
သမ္မတကြီးကတော့ ဒီလို Mask ဝတ်ဖို့၊ တပ်ဖို့ကို သူ့အနေနဲ့ စိတ်မဝင်စားတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း Mask တပ်ကြသလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း Mask ဝတ်ထားတဲ့ ပုံကို တွေ့ရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အပြင်ထွက်လို့ Mask မဝတ်ရင် ဒဏ်ငွေရိုက်ခွင့် (ဘတ်ငွေ ၂၀၀ – မြန်မာငွေ ၈,၆၀၀ ကျော်ခန့်) ရိုက်ပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul ကတော့ ထိုင်းနိုင်ငံမှာ လာတဲ့ နိုင်ငံခြားသားတွေ Mask မတတ်ရင် မောင်းထုတ်မယ်လို့ ကြိမ်းမောင်း ပြောဆိုခဲ့ပါတယ်။
You may also like these stories:
US မှာ အလုပ်ပြုတ်သူပေါင်း ၁၆ သန်း ကျော်ပြီ
ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်