Trend

လိုတာယူပြီး ပိုတာထားသွားနိုင်တဲ့ Pantry ဖန်တီးပေးထားတဲ့ US က မိသားစု

လူသားတွေ ပြုလုပ်နေကြတဲ့ နေ့စဉ် နိစ္စဓူဝ အလုပ်တွေထဲမှာ တဦးနဲ့တဦး တွေ့ဆုံတာ၊ ဈေးဝယ်တာမျိုးတွေ ရှိပေမယ့် လတ်တလော ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာမှုကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အသွားအလာတွေ ပိတ်ပင် ကန့်သတ်ထားပါတယ်။

အခုလို ခက်ခဲတဲ့ အခြေအနေမျိုးမှာ တယောက်ကို တယောက် နွေးထွေး လုံခြုံစေတဲ့ စိတ်ခံစားမှု ရရှိဖို့ လူအချင်းချင်း စောင့်ရှောက်နေကြပြီး အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ အိမ်ရှေ့မြေကွက်လပ်လေးမှာ Pantry တခု ပြုလုပ်ပေးထားတဲ့ Terry Uribe Gall တို့ မိသားစုအကြောင်းပဲဖြစ်ပါတယ်။

သူတို့ မိသားစုဟာ အမေရိကန်နိုင်ငံ၊ Wisconsin ပြည်နယ်ရှိ Milwaukee မြို့မှာ နေထိုင်သူတွေ ဖြစ်ပြီး Terry Uribe Gall ရဲ့ မိဘတွေဟာ ဈေးဝယ်ရ ခက်ခဲတဲ့အချိန်မျိုးမှာ အခုလို အခမဲ့ Pantry တည်ဆောက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အဲဒီ Pantry မှာ မိမိလိုအပ်တဲ့ ပစ္စည်းကိုယူ၊ ပိုလျှံနေတဲ့ ပစ္စည်းတွေကို ထားသွားနိုင်ဖို့ ရိုးရိုးရှင်းရှင်း ရည်ရွယ် ပြုလုပ်ထားပါတယ်။

သမီးဖြစ်သူက သူ့မိဘတွေရဲ့ ဖန်တီးမှုကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက် စာမျက်နှာပေါ် ပြန်လည်မျှဝေပေးရင်း တွေ့မြင်ရသူတွေအဖို့ နွေးထွေးတဲ့ စိတ်ခံစားမှုကို ရရှိစေခဲ့ပါတယ်။

အဲဒီ Pantry မှာတော့ အစားအစာနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ အပါအဝင် စာအုပ်တွေ၊ အခွေတွေပါ ထားရှိပေးထားပြီး တချို့သူတွေကတော့ တတ်နိုင်တဲ့ ငွေကြေး ပမာဏတခု ထားရှိကြတဲ့ အခါမျိုးမှာတော့ ဖခင်ဖြစ်သူဟာ Pantry အတွက် လိုအပ်တဲ့ စားပွဲ၊ ရွက်ဖျင်တဲ စတာတွေကို ပြန်လည် ဝယ်ယူ ထည့်သွင်းထားပေးလေ့ရှိတယ်လို့ Terry က ဆိုပါတယ်။

Pantry မှာ ထားရှိပေးထားတဲ့ ပစ္စည်းတွေအားလုံးဟာ အခမဲ့ဖြစ်ပြီး ၂၄ နာရီပတ်လုံး ဖွင့်လှစ်ပေးထားပါတယ်။ သူမ ပြန်လည် မျှဝေခဲ့တဲ့ ပို့စ်မှာတော့ Pantry တည်ရှိတဲ့ လိပ်စာပါ ပါဝင်ပြီး ဘာမှ မလိုအပ်သူတွေကတော့ သူတို့ရဲ့ Pantry လေး အသက်ဝင်နေစေဖို့ ငွေကြေးတချို့ လှူဒါန်းခဲ့တာမျိုးတွေလည်းရှိတယ်လို့ သူမရဲ့ Facebook အကောင့်မှာ ဖော်ပြထားပါတယ်။

Ref. www.boredpanda.com

You may also like these stories:

Mask အမြဲ တပ်ရတဲ့ ဆေးဝန်ထမ်းတွေ မနာကျင်စေဖို့ စက်တီထွင်ခဲ့တဲ့ ကောင်လေး

Melania Trump ကတော့ Mask ဝတ်ပြီ

US မှာ အလုပ်ပြုတ်သူပေါင်း ၁၆ သန်း ကျော်ပြီ

Loading