အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ကိုဗစ်-၁၉ ကြောင့် စိုးရိမ်သောက ရောက်ပြီး လူပေါင်းများစွာ ဖျားနာ သေဆုံးနေချိန်မှာ အမေရိကန် စစ်တပ်ကတော့ စစ်တိုက်ဖို့အတွက် ၂၄ နာရီ Ready ပါပဲ အသင့်ပါပဲလို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်တာနက်ကနေ လွှင့်ထုတ် ပြောကြားခဲ့သူကတော့ ဗိုလ်ချုပ်ကြီး Mark Milley ဖြစ်ပြီး သူက ရန်သူတွေကို သတိပေးလိုက်တာကတော့ “ဒီလို ကပ်ဘေးဆိုက် အကြပ်အတည်း ကြုံနေချိန်ကို အခွင့်ကောင်းယူရင် တကယ်ကိုမှားသွားမယ်။ ခံသွားရမယ်”လို့ သတိပေး ပြောကြားလိုက်ပါတယ်။
ကိုဗစ်ရောဂါပိုးကို ခံစားနေရတဲ့ အမေရိကန် တပ်မတော် စစ်သည်ပေါင်း ၁၉၉၈ ဦးရှိပြီး အဲဒီအထဲမှာ စစ်သား ၃၈၉ ဦး၊ လေတပ်က ၃၆၇ ဦး၊ ရေတပ်က ၅၉၇ ဦး၊ Marines တပ်က ၁၆၄ ဦးနဲ့ National Guard က ၃၈၁ ဦးတို့ ဖြစ်ပါတယ်။
(လောလောဆယ် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ အင်အား ၅၀,၀၀၀ ကျော်ကို ဗိုင်းရပ်ပိုးတိုက်ဖျက်ရေး၊ ကူညီစောင့်ရှောက်ရေးတွေမှာ စေလွှတ်ထားတာ ဖြစ်ပါတယ်)
အမေရိကန် တပ်မတော် ကာကွယ်ရေးဌာနကြီးရဲ့ လက်အောက်မှာ အင်အား ၂ ဒဿမ ၃ သန်းရှိပြီး အရံတပ်တွေလည်း ရှိတာဖြစ်ပါတယ်။ သူတို့ဟာ “ဒီနေ့ရော မနက်ဖြန်ရော အသင့်ပါပဲ”လို့ ဗိုလ်ချုပ်ကြီး Mark Milley က သတိပေး ပြောကြားလိုက်ပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနဟာ ကိုဗစ်ရန် ကာကွယ်ရေး စီမံချက်တွေအတွက် မြို့ကြီးတွေမှာလည်း ဝင်ရောက် ကူညီပေးနေရချိန် ဖြစ်ပါတယ်။ သူတို့ရဲ့ သူနာပြုတွေ ဆရာဝန်တွေကို လူနာတွေကို ကုသဖို့ လွှတ်ထားသလို နယူးယောက်လို ကိုဗစ်ဒဏ် အကြီးအကျယ် ခံနေရတဲ့မြို့ကြီးမှာလည်း ကူညီဖို့အတွက် အရံတပ်တွေကို ချထားတာ ဖြစ်ပါတယ်။
ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် အမေရိကန်တပ်မတော်ဟာ သူ့ရဲ့လူမျိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ အသင့်ဖြစ်နေပြီး အခုဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကို အခွင့်ကောင်းယူပြီး အမေရိကန်ကို မစော်ကားဖို့ ရန်မပြုဖို့ သူကသတိပေးလိုက်တာပဲ ဖြစ်ပါတယ်။
အမေရိကန်စစ်သားပေါင်း ၂ သန်းကျော်ဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်လို့ ဗိုလ်ချုပ်ကြီးက ထပ်လောင်း ပြောကြားလိုက်ပါတယ်။
အမေရိကန်တပ်မတော်ဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး ခေတ်အမီဆုံးဖြစ်ပြီး နျူကလီးယားစွမ်းအင်နဲ့ မောင်းနှင်တဲ့ လေယာဉ်တင်သင်္ဘော ၁၁ စီးကိုလည်း ပိုင်ဆိုင်ပြီး ကမ္ဘာနဲ့အဝှမ်း ဖြန့်ကျက်ချထားတာ ဖြစ်ပါတယ်။
မကြာသေးခင်က USS Theodore Roosevelt ဆိုတဲ့ လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှု ဖြစ်ခဲ့ပါသေးတယ်။
You may also like these stories:
လိုတာယူပြီး ပိုတာထားသွားနိုင်တဲ့ Pantry ဖန်တီးပေးထားတဲ့ US က မိသားစု
ပြည်ပပြန် စင်ကာပူနိုင်ငံသားများ Quarantine ၁၄ ရက် နေရမည်
COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်