Trend

ကိုဗစ် ကာကွယ်ရေးအတွက် ယူနန် နယ်စပ်တလျှောက် ဆေးရုံများ တည်ဆောက်မည်

Want create site? Find Free WordPress Themes and plugins.

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့ပါးစေရေးအတွက် ကမ္ဘာတဝှမ်းက နိုင်ငံအသီးသီးမှာ ကြိုးပမ်းဆောင်ရွက်မှုများ အရှိန်ဟုန်ထိုး လုပ်ဆောင်နေကြပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာလည်း ဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယူနန် ပြည်နယ် အစိုးရဟာ နယ်စပ်ဒေသမှာရှိတဲ့ မြို့နယ် ၂၅ မြို့မှာ ဆေးရုံတွေ ဆောက်သွားဖို့ရှိပြီး ရောဂါ ရှာဖွေ စမ်းသပ်တဲ့ နေရာတွေနဲ့ စောင့်ကြည့်လူနာ သီးခြားခွဲထားနေရာတွေကို စီစဉ်နေပါတယ်။ ဒါ့အပြင် COVID-19 ရောဂါ တားဆီးထိန်းချုပ်ရေးဌာန ၂၅ ခုကို လည်း မြန်မာ၊ ဗီယက်နမ်နဲ့ လာအို နယ်စပ်က မြို့နယ် ၂၀ မှာ ဒီလမကုန်ခင် အပြီးဆောက်သွားမယ်လို့ သိရပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးပစ္စည်းများ၊ စမ်းသပ်ရေးကိရိယာများနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံသို့ COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းစဉ်များ ကူညီလုပ်ဆောင်ပေးဖို့ ရောက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံမှာတော့ ဧပြီလ ၁၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က ရောဂါ ကူးစက်သူ အသစ် ၄၆ ယောက် တွေ့ရှိပြီး ပြည်ပက ပြန်လာသူ ၃၆ ယောက် ပါဝင်တယ်လို့ Global Times သတင်းမှာ ဖော်ပြထားပါတယ်။ COVID-19 ရောဂါ မူလဖြစ်ပွားရာ ဝူဟန်မြို့ကတော့ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီ ဖြစ်ပြီး အသွားအလာ ကန့်သတ်ပိတ်ဆို့ထားမှုတွေကိုလည်း ပြန်လည် ဖွင့်လှစ်လိုက်ပါပြီ။

မြန်မာနိုင်ငံမှာ COVID -19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၈၅ ဦးအထိ ရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိပြီလို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိ ကမ္ဘာတဝှမ်းမှာတော့ COVID-19 ရောဂါ ကူးစက်ခံရသူ ၂ သန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူ ၁၃၀,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။

You may also like these stories:

ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း

Lockdown ကာလအတွင်း အီတလီရဲ့ မြင်ကွင်း တချို့ကို ဓာတ်ပုံ ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာ

လိုတာယူပြီး ပိုတာထားသွားနိုင်တဲ့ Pantry ဖန်တီးပေးထားတဲ့ US က မိသားစု

Did you find apk for android? You can find new Free Android Games and apps.
Loading