လက်ရှိအချိန်ထိ ကမ္ဘာအဝှမ်း COVID-19 ကူးစက်ခံနေရသူစုစုပေါင်း ၂,၄၀၆,၉၀၅ ယောက် ရှိသွားခဲ့ ပြီး သေဆုံးသူပေါင်း ၁၆၅,၀၅၈ ယောက် ရှိသွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာလည်း ကူးစက်ခံနေရသူပေါင်း ၁၁၁ ယောက်အထိ ရှိနေပါတယ်။
COVID-19 ကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ လူနာတွေကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေလည်း ပါဝင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆရာဝန်တွေဟာ COVID-19 ရောဂါကို ရှေ့တန်းကနေ တိုက်ပေးနေတဲ့သူရဲကောင်းတွေပါ။ တကမ္ဘာလုံးကလည်း ဆရာဝန်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုအားပေးနေပါတယ်။
COVID-19 ကြောင့် သေဆုံးခဲ့ရတဲ့ ဆရာဝန်တွေထဲမှာ အင်္ဂလန်မှာ နေထိုင်တဲ့ ဒေါက်တာ ပီတာခင်ထွန်း တယောက်လည်း ပါဝင်ပါတယ်။ ဒေါက်တာ ပီတာခင်ထွန်းဟာ ၁၉၈၁ ခုနှစ်မှာ ရန်ကုန် ဆေး တက္ကသိုလ် ၁ ကနေ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်မှာတော့ သူဟာ ရန်ကုန်မှာ ၁၀ နှစ်ကြာဆေး ကုသခဲ့ပါတယ်။ ၁၉၉၁ မှာတော့ ယူကေကို ရောက်ရှိခဲ့ပါတယ်။
ယူကေရောက်ပြီးနောက်မှာတော့ လန်ဒန်နဲ့ ရက်ဒင်းက ဆေးရုံတွေမှာအလုပ်လုပ်ခဲ့ပြီး နာလန်ထလူ နာတွေကို အနှစ် ၂၀ ကြာတဲ့အထိ အထူးပြုကုသပေးခဲ့ပါတယ်။ လေဖြတ်ရောဂါ ခံစားနေရတဲ့ လူနာတွေ၊ ထိခိုက်ဒဏ်ရာ ခံစားနေရတဲ့ လူနာတွေလို ပြန်လည်သန်စွမ်းဖို့ လုပ်နေတဲ့လူနာတွေကို ဒေါက်တာ ပီတာခင်ထွန်းတယောက် ကုသပေးခဲ့ရပါတယ်။
သူကုသပေးနေတဲ့ လူနာ ၄ ၊ ၅ ယောက်ကို သူ့အနေနဲ့ COVID-19 ရောဂါရှိနေတယ်လို့ သူ သံသယရှိလာခဲ့ပါတယ်။ ဒီလူတွေရဲ့ ဓာတ်ခွဲအဖြေကို စောင့်နေစဉ်မှာပဲ ဆေးရုံအထူးကြပ်မတ်ကုသရေး ဌာနမှာ နှာခေါင်းစည်းတွေ မလုံလောက်တော့လို့ သူတို့ဌာနမှာရှိတာတွေ ပေးလိုက်ရပါတယ်။ ဒါကြောင့်လည်းသူဟာ COVID-19 ကူးစက်မှု အန္တရာယ်ကြားကပဲ နှာခေါင်းစည်းတောင် မရှိတော့ဘဲ ကုသပေးခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ဒေါက်တာ ပီတာခင်ထွန်းတယောက် COVID-19 ရောဂါ ကူးစက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီလိုအချိန်မျိုးမှာ နှာခေါင်းစည်းက အင်မတန်အရေးကြီးပါ တယ်။
ဒီနေရာမှာ လက်ရှိ ယူကေအစိုးရ ကျင့်သုံးနေတဲ့ ကျန်းမာရေးစနစ်ကို ပြောပြချင်ပါသေးတယ်။ COVID-19 ရောဂါလက္ခဏာ ပြသနေပေမယ့် အခြေအနေဆိုးမှသာ ဆေးရုံက လက်ခံပါတော့တယ်။ COVID-19 ရောဂါ ခံစားနေရသူတိုင်းကို ဆေးရုံတက်ခွင့် မပေးဘူးလို့ သိရပါတယ်။ အခြေအနေ တအားဆိုးနေတဲ့ လူလောက်ကိုသာ ဆေးရုံတက်ခွင့်ပေးပါတယ်။
ဒေါက်တာ ပီတာခင်ထွန်း အပါအဝင် ယူကေမှာ COVID-19 ကြောင့် ကျန်းမာရေးဝန်ထမ်း ၂၇ ယောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။ ဒေါက်တာ ပီတာခင်ထွန်းဟာ အချက်အပြုတ် ဝါသနာပါသူတဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref. BBC
You may also like these stories:
အာဖဂန်သမ္မတနန်းတော်ရှိ ဝန်ထမ်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
အဆိုတော် ဇော်ဝင်းထွဋ်နဲ့ မိသားစုဝင်တဦး Quarantine ဝင်ရောက်နေ
ကိုရိုနာဗိုင်းရပ်စ် အချိန်တိုအတွင်း စစ်ဆေးနိုင်မယ့် တရုတ်နိုင်ငံက Test kits အသစ်