Trend

COVID -19 စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်

နေ့စဉ်ဆိုသလို ထိုင်းနိုင်ငံမှာ COVID-19 ဆေးဝါး စွန့်ပစ်ပစ္စည်းတွေနဲ့ ပလတ်စတစ်တွေ ပိုပိုများပြားလာနေပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေအနေရဲ့ စိုးရိမ်သောကတွေ ပိုပြီး တိုးလာနေပါတယ်။ သူတို့တွေ တွက်ပြထားတဲ့ နှုန်းအရ နေ့စဉ် ခွဲစိတ်ခန်းသုံးမျက်နှာဖုံးပေါင်း ၁သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အင်စတီကျူ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Wijarn Simachaya ကလည်း COVID -19 ရောဂါဟာ လူထုကျန်းမာရေးကိုသာ ထိခိုက်စေတာ မဟုတ်ဘဲ စွန့်ပစ် ခွဲစိတ်ခန်းသုံးမျက်နှာဖုံးတွေကလည်း နေ့စဉ် ၁ ဒဿမ ၅သန်းနဲ့ ၂ သန်းကြားရှိတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ သူက “ကူးစက်ထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်မယ်ဆိုရင် သေချာ ကိုင်တွယ်ဖို့လိုအပ်ပါတယ်။ ဒီပစ္စည်းတွေကို သေချာမကိုင်တွယ်နိုင်ရင်တော့ ရောဂါက ဆက်လက် ပြန့်ပွားလာစရာ ရှိနိုင်တယ်”လို့ ပြောပါတယ်။

သုတေသန ပြုလုပ်ချက်တွေကနေ တွေ့ရှိထားတာကတော့ ဘန်ကောက်မြို့မှာ နေ့စဉ် အသုံးပြုနေတဲ့ နှာခေါင်းစည်းပေါင်း တန် ၁၅၀ အထိ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း Mr Wijarn က COVID-19 အတွက် အသုံးပြုတဲ့ နှာခေါင်းစည်းတွေကို တခြားအမှိုက်တွေနဲ့အတူ မစွန့်ပစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

လူတွေအနေနဲ့ နှာခေါင်းစည်းတွေကို မီးရှို့မပစ်သင့်ပါဘူး။ ဒါဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ သူက ပြောပါတယ်။ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူစုစုပေါင်း ၂၇၆၅ ယောက် ရှိနေပြီး လူပေါင်း ၄၇ ယောက် သေဆုံးခဲ့ရပါတယ်။

Ref: chiangraitimes

You may also like these stories:

ကိုဗစ်ကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံများရှိလာ

ယူကေမှာ နေထိုင်တဲ့ မြန်မာဆရာဝန် COVID-19 ကြောင့် သေဆုံး

အာဖဂန်သမ္မတနန်းတော်ရှိ ဝန်ထမ်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Loading