COVID-19 ရောဂါ ကူးစက်မှုဟာ ဘယ်လိုမှ ခန့်မှန်းလို့ မရတဲ့ ရောဂါပါ။ ဒီရောဂါကို ကျန်းမာရေးပညာရှင်တွေတောင် ခန့်မှန်းလို့ မရပါဘူး။ ကူးစက်မှုနှုန်းက ဒီကနေ့ ဆယ်ဂဏန်းလောက်သာ ရှိသေးပေမယ့် နောက်နေ့တွေမှာ ရာဂဏန်း၊ ထောင်ဂဏန်းအထိ တက်သွားနိုင်ပါတယ်။
အရင်က အရှေ့တောင်အာရှနိုင်ငံတွေမှာ အင်ဒိုနီးရှားနိုင်ငံဟာ COVID-19 ကူးစက်မှုနှုန်း အများဆုံး ဖြစ်ပေမယ့် အခုချိန်မှာတော့ စင်ကာပူနိုင်ငံက အများဆုံး ဖြစ်သွားပါပြီ။ လက်ရှိ စင်ကာပူနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ စုစုပေါင်း ၆၅၈၈ ယောက် ရှိသွားပြီး သေဆုံးသူပေါင်း ၁၁ ယောက် ရှိသွားခဲ့ပါပြီ။ အခုဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေကိုတော့ COVID-19 နဲ့ပတ်သက်ပြီး အမှန်ကန်ဆုံး ထုတ်ပြန်ပေးနေတဲ့ Worldometers က ယူထားတာပါ။
ကူးစက်မှုနှုန်း မြင့်တက်လာတဲ့အတွက် စင်ကာပူမှာရှိတဲ့ McDonald’s ဆိုင်ခွဲအားလုံးကို ဧပြီ ၁၉ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ ခေတ္တပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စင်ကာပူ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဧပြီ ၁၉ ရက်နေ့တရက်တည်း COVID-19 ကူးစက်သူပေါင်း ၅၉၆ ယောက် ရှိခဲ့တယ်လို့သိရပြီး ၂၅ ယောက်ကတော့ စင်ကာပူနိုင်ငံသားနဲ့ အမြဲနေထိုင်သူတွေ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လကစလို့ အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပါ တယ်။ လက်ရှိအချိန်မှာတော့ ၆၅၇၅ ယောက် ကူးစက်ထားပြီး ၅၈၂ယောက် သေဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း လက်ရှိအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံက COVID -19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး စင်ကာပူနိုင်ငံကတော့ ကူးစက်မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
Ref. CNA, Bloomberg
You may also like these stories:
ကိုဗစ်ကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံများရှိလာ
ကိုဗစ်နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ကိုယ်တွယ်မှုကို မင်းသား Robert De Niro ဝေဖန်
ယူကေမှာ နေထိုင်တဲ့ မြန်မာဆရာဝန် COVID-19 ကြောင့် သေဆုံး