အမေရိကန် ထောက်လှမ်းရေးများရဲ့ စောင့်ကြည့်လေ့လာမှုတွေအရ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ခွဲစိတ်ကုသမှု တခုပြုလုပ်ခဲ့ပြီးနောက် စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ဧပြီလ ၁၅ ရက်နေ့က ကျရောက်တဲ့ အဘိုးဖြစ်သူရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့ ပျက်ကွက်ပြီးနောက် ကင်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေကို ကောက်ချက်ချခဲ့ကြတာဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ နိုင်ငံံ့အရေးဆိုင်ရာ အစည်းအဝေးတွေကို မတတ်နိုင်တာလည်း ၄ ရက်ခန့်ရှိပြီ ဖြစ်ပါတယ်။
ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းနိုင်စွမ်းရှိပေမယ့် ရောဂါပြင်းထန်မှုကို ပြောပြဖို့ အတွက်တော့ ခက်ခဲတယ်လို့ အမေရိကန်နိုင်ငံရဲ့ တာဝန်ရှိသူအရာရှိတဦးက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မြောက်ကိုးရီးယားအခြေစိုက် အင်တာနက် သတင်းစာတခုရဲ့ ဖော်ပြချက်အရတော့ ကင်ဂျုံအန်ဟာ ဧပြီလ ၁၂ရက်နေ့က နှလုံးခွဲစိတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နှလုံးခွဲစိတ်မှု ပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ ကင်ဟာ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အလုပ်ပိခြင်းတို့ကြောင့် နှလုံးထိခိုက်မှုတွေ ရှိလာလို့ ဖြစ်တယ်လို့ အဲဒီသတင်းက ဖော်ပြထားပါတယ်။
ကင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ခွဲစိတ်မှုအပြီးမှာ ကောင်းမွန်လျက်ရှိပြီး ပြုံယန်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်ကို ပြန်ပို့ခဲ့ပြီး ကျန်းမာရေးပြန်ကောင်းလာအောင် စောင့်ရှောက်မှုတွေ ခံယူလျက်ရှိတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပေမယ့် နိုင်ငံတကာ သတင်းဌာနတွေကတော့ တိကျတဲ့ အဖြေကို ကိုယ်တိုင်သိရဖို့ မေးမြန်းခွင့်တွေ မရသေးပါဘူး။
အခုလို အများပြည်သူရှေ့က ရက်အနည်းငယ် ပျောက်သွားရုံနဲ့ ကင်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ အတည်ပြုလို့ မရကြောင်းနဲ့ ကင်ဟာ ၂၀၁၄ ခုနှစ်ကလည်း ခွဲစိတ်မှုတခု ပြုလုပ်ဖို့ ပြည်သူရှေ့က တလခန့် ပျောက်သွားခဲ့ဖူးကြောင်း တောင်ကိုးရီးယား ထောက်လှမ်းရေးတွေက ဆိုပါတယ်။
မြောက်ကိုးရီးယားကတော့ သူတို့ပြည်သူပြည်သားတွေကို လူ့အခွင့်အရေးတွေ ပိတ်ပင်ထားကာ၊ ခေါင်းဆောင်ကင်ရဲ့ သတင်းတွေကို လျှို့ဝှက်ထားလေ့ရှိတယ်လို့ သိရပါတယ်။
Ref. CNN
You may also like these stories:
တရုတ်က COVID-19 ကို စခဲ့တာလား ထရမ့် မေးခွန်းထုတ်
US က လူအိုရုံမှာ ကိုဗစ်ဗိုင်းရပ်စ်ဝင်