ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့ အခုလို အချိန်ကာလမှာ တော်တော်များများဟာ အိမ်ထဲမှာပဲ အချိန်တွေကို ဖြတ်သန်းနေကြရပါတယ်။ အိမ်မှာပဲ တနေ့တာကို ကုန်ဆုံးနေရတာဖြစ်တဲ့အတွက် အပျင်းလည်းပြေ၊ စိတ်ကြည်နူးပျော်ရွှင်စေတဲ့ Challenge တွေကို ဆိုရှယ်မီဒီယာမှာ တယောက်နဲ့ တယောက် စိန်ခေါ်နေကြပြီး ဒီထဲကမှ လတ်တလော ရေပန်းစားနေတဲ့ Challenge တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Dalgona Coffee Challenge
Dalgona Coffee Challenge ပါဝင်ပစ္စည်းတွေကလည်း သိပ်မများသလို လုပ်ရတာလည်း ရိုးရှင်းတာကြောင့် ဆိုရှယ်မီဒီယာမှာ လတ်တလော ရေပန်းစားနေတာပါ။ကော်ဖီမှုန့် ၂ ဇွန်း၊ သကြား ၂ ဇွန်းနဲ့ ရေနွေး ၂ ဇွန်းတို့ကို ရောစပ်ကာ ပျစ်နေအောင် မွှေပေးရတာဖြစ်ပြီး နို့ထည့်ထားတဲ့ ဖန်ခွက်ထဲကို ရောစပ်ပြီးသားတွေ တင်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။
(၂) Handemoji Challenge
Instagram မှာ ရေပန်းစားနေတဲ့ Challenge တခုဖြစ်ပြီး လက်ကိုအသုံးပြုကာ emoji ပုံစံလေးတွေ လုပ်ပြတဲ့ Challenge မျိုး ဖြစ်ပါတယ်။ ဒီ Challenge မှာဆိုရင် နာမည်ကြီး အနုပညာရှင်တွေ တော်တော်များများ ပါဝင်တာကိုလည်း တွေ့မြင်ကြရမှာပါ။
(၃) SafeHands Challenge
ကိုရိုနာကာလမှာ ရေပန်းစားလာတဲ့ Challenge တခုဖြစ်ပြီး စက္ကန့် ၂၀ ကြာ လက်ကို နည်းလမ်းမှန်မှန်နဲ့ စင်ကြယ်စွာ ဆေးကြောဖို့ ပြုလုပ်တဲ့ Challenge ပဲ ဖြစ်ပါတယ်။ လူတိုင်းကို အသိပညာပေးနိုင်ဖို့အတွက် နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ အနုပညာရှင်တွေ အများအပြား ပါဝင်ခဲ့တဲ့ Challenge တခုလည်း ဖြစ်ပါတယ်။
(၄) Until Tomorrow Challenge
အိမ်တွင်းအောင်းနေရတဲ့ ကာလမှာ အပျင်းပြေစေဖို့ အပျော်လုပ်တဲ့ Challenge တမျိုးဖြစ်ပြီး ကိုယ့်ရဲ့ရုပ်ဆိုးတယ်လို့ထင်ရတဲ့ပုံကို ဆိုရှယ်မီဒီယာမှာ ၂၄ နာရီကြာအောင် တင်ရတဲ့ Challenge ပဲ ဖြစ်ပါတယ်။