တရုတ်နိုင်ငံက စတင်ခဲ့တဲ့ COVID-19 ရောဂါဟာ ဥရောပနိုင်ငံတွေမှာ အကြီးအကျယ် ပြန့်ပွားခဲ့ပြီးနောက် အခုချိန်မှာတော့ အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ထပ်မံ ပြန့်ပွားလာခဲ့ပါတယ်။
Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်မှုရဲ့ ၈၇ ဒဿမ ၉ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ COVID-19 ကူးစက်ခံနေရသူပေါင်း ၂,၄၈၉,၉၅၆ ယောက် ရှိ ပြီး ၁၇၀,၅၅၂ ယောက် သေဆုံးခဲ့ရပါတယ်။ ပြန်လည် ကျန်းမာလာသူ စုစုပေါင်းကတော့ ၆၅၃,၁၉၀ ယောက် ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၁၉ ယောက် ထပ်မံ တွေ့ရှိခဲ့ပြီး အသက် ၅၀ အရွယ်ရှိတဲ့ တက္ကစီသမားတယောက် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသားဟာ ထိုင်းလက်ဝှေ့ရုံက ပြန်လာတဲ့ အားကစားသမား တယောက်ကို တင်ဆောင် မောင်းနှင်ခဲ့တဲ့အတွက် ရောဂါကူးစက်ခံရသူ ဖြစ်ပါတယ်။
ထိုင်းမှာ အခုလို COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာခဲ့တာ လက်ဝှေ့အားကစားရုံကြောင့် ဖြစ်ပါတယ်။ မူလက ဆယ်ဂဏန်းလောက်သာ ရှိသေးပေမယ့် လက်ဝှေ့အားကစားရုံကနေ ရောဂါကူး စက်ခဲ့တဲ့အတွက် COVID-19 ကူးစက်မှုနှုန်း မြင့်တက်သွားခဲ့ရခြင်းပါ။ အခုချိန်မှာတော့ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၂၈၁၁ ယောက် ရှိနေပြီး သေဆုံးသူ ၄၈ ဦး ရှိပါပြီ။
Ref: Bangkokpost
You may also like these stories:
ကိုဗစ် ကိုင်တွယ်ပုံ ညံ့ခဲ့လို့ WHO ကို နယူးယောက်မြို့ခံများ တရားစွဲ
US က လူအိုရုံမှာ ကိုဗစ်ဗိုင်းရပ်စ်ဝင်