အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံတွင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် နယ်စပ်ဂိတ်များကို ပိတ်ဆို့သွားမယ်လို့ ဧပြီလ ၂၀ရက်နေ့က ပြောဆိုခဲ့ပါတယ်။ အခုလို ပိတ်ဆို့ရတာဟာ နိုင်ငံသားများအနေနဲ့ နိုင်ငံခြားသားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင် လုပ်ကိုင်စရာ မလိုအောင်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရောဂါ ပျံ့နှံ့မှုတွေကြောင့် နိုင်ငံတွင်း စီးပွားရေး အကြပ်အတည်းတွေကို ဖြေရှင်းချိန်မှာ နိုင်ငံသားများနဲ့ ပြန်လည် ထူထောင်ရေးတွေကို လုပ်ကိုင်ဖို့လိုအပ်တာတွေကြောင့် အခုလို ပိတ်ဆို့မှုတွေကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံဟာ မမြင်ရတဲ့ ရန်သူရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အချိန်မှာ ကြီးမြတ်တဲ့ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခုချိန်မှာ ကျနော့်အနေနဲ့ အမေရိကန်နိုင်ငံအတွင်းကို ဝင်ရောက်လာမယ့် ပြောင်းရွှေ့လုပ်သားများကို ယာယီဆိုင်းငံ့ထားမယ့် အမိန့်ကို လက်မှတ်ထိုးသွားပါမယ်”လို့ ထရမ့်က သူ့ရဲ့ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။
You may also like these stories:
ကိုဗစ်ကာလ လုပ်ငန်းခွင် ပြန်ဝင်ရမယ့်သူတွေ သတိထားသင့်တဲ့ အချက်များ
ထိုင်းမှာ COVID-19 ထပ်မံ ကူးစက်ခံရသူ ၁၉ ယောက်ရှိပြီး ၁ ဦး သေဆုံး
ကိုဗစ် ကိုင်တွယ်ပုံ ညံ့ခဲ့လို့ WHO ကို နယူးယောက်မြို့ခံများ တရားစွဲ