ဈေးဆိုင်တွေနဲ့အတူ ဆံပင်ညှပ်ဆိုင်တွေ Beauty Salon တွေလည်း ပိတ်တဲ့အတွက် ဆံပင်ညှပ်ချင်သူတွေ၊ အလှပြင်ချင်သူတွေ၊ ခြေသည်းလက်သည်း လှီးချင်သူတွေ ဒုက္ခရောက်ရတဲ့ အချိန်လို့ ဆိုရမှာဖြစ်ပါတယ်။
အိမ်မှာ Quarantine လုပ်နေသူတွေက မိသားစုဝင် အချင်းချင်း ဆံပင်ကိုညှပ်ပေး၊ ပြုပြင်ပေးတာတွေ ရှိသလို တယောက်တည်း Self Isolation လုပ်နေရသူတွေ Quarantine တွေ ဆိုရင်လည်း ဆံပင်ညှပ်ဖို့အတွက် အတော် ဒုက္ခရောက်တဲ့ ကာလလည်း ဖြစ်ပါတယ်။
နိုင်ငံခြား တိုင်းပြည်တွေမှာတော့ ဆံပင်ညှပ်ဆိုင်ကို မသွားနိုင်ခင်မှာ ဆံပင်ကိုအရှည်ထားပြီး ပြုပြင်ထိန်းသိမ်းဖို့ အကြံပေးကြတာ ရှိပါတယ်။ ဆံပင်ကိုလည်း လျှော်ပြီးတော့ Style သွင်းပြီး ထိမ်းသိန်းထားဖို့ ပြောတာပါ။
ဒီလိုမှမဟုတ် အိမ်မှာလည်း DIY ဆိုတဲ့ Do It Yourself ကိုယ့်ဘာသာကိုယ် ညှပ်မယ်၊ တိမယ်၊ ခုတ်မယ်၊ ပြုပြင်မယ်ဆိုရင်တော့ ပစ္စည်းကရိယာ စုံစုံလင်လင်ရှိရင် ပိုကောင်းတယ်လို့ အကြံပေးကြပါတယ်။
ဒါကြောင့် ကပ်ကြေးကောင်းကောင်း၊ တိတဲ့ဖြတ်တဲ့ စက်ကောင်းကောင်းတွေ ဝယ်ထားဖို့လိုသလို အဲဒီ Haircut နဲ့ ပတ်သက်ပြီး Online ကရောင်းတဲ့ လုပ်ငန်းတွေ တွင်ကျယ်နေသလို Virtual Haircut လို အွန်လိုင်းကနေ ဆံပင်ညှပ်နည်းကို လေ့လာလို့လည်း ရပါတယ်။
ဒါကြောင့် ဆံပင်ညှပ်နည်းကို လေ့လာပြီး မိမိဘာသာ ညှပ်တဲ့သူတွေ ရှိသလို အတူတူနေသူတွေက တိပေး၊ ညှပ်ပေးတာတွေလည်း လုပ်ပေးရတဲ့ ကိုဗစ်ကာလရဲ့ ဆံပင်ကို ပြုစုနည်းအသစ်တွေ ထွက်ရှိလာနေပါပြီ။
မညှပ်ချင်တဲ့သူတွေကတော့ ဆံပင်အရှည် ထားကြသလို စိတ်ရှုပ်တဲ့သူတွေကတော့ ကတုံး တုံးလိုက်ကြပါတယ်။ ဒါဆိုရင် ဆံပင်ညှပ်ဆိုင် ဒါမှမဟုတ် Beauty Salon တွေကို မကြာခဏသွားပြီး ဆံပင်ဖြောင့်၊ ဆံပင်ကောက်၊ ဆံပင်အလှပြင်၊ ဆံထုံးထုံး၊ ဆံပင်ကိုဆေးဆိုး၊ လက်သည်းအလှပြင်တဲ့ မမတွေ၊ ညီမတွေလည်း ကိုဗစ်ကာလကြီးမှာ ဒုက္ခလှလှ ရောက်နေကြပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
You may also like these stories:
အိမ်မှာနေရတဲ့ ကာလအတွင်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ Challenge များ
ကိုဗစ်ကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံများရှိလာ
ကိုဗစ်ကာလ လုပ်ငန်းခွင် ပြန်ဝင်ရမယ့်သူတွေ သတိထားသင့်တဲ့ အချက်များ