လွန်ခဲ့တဲ့ ရက်သတ္တပတ်ပေါင်း များစွာကတည်းက တကမ္ဘာလုံး အတိုင်းအတာနဲ့ COVID -19 အခြေအနေကို စတင် ရင်ဆိုင်ခဲ့ကြရတာဖြစ်ပြီး အခုအချိန်ထိလည်း ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကြားထဲကနေ လူသားတဦးနဲ့တဦး ညှာတာ ထောက်ထားရင်း ဖြတ်ကျော်ခဲ့ကြတဲ့ ကမ္ဘာတဝှမ်းက သတင်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ကျန်းမာရေးဝန်ထမ်းတွေဟာ အခုလို ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက စလို့ အိမ်ပြန်ဖို့ အခက်အခဲ ကြုံတွေ့ခဲ့ကြရတာပါ။ ဒါကြောင့်ပဲ Marriott ဟိုတယ်ဟာ အခမဲ့ အခန်းတွေကို ကျန်းမာရေး ဝန်ထမ်းတွေအတွက် ယာယီ နေထိုင်စရာအဖြစ် ထောက်ပံ့ပေးခဲ့ပါတယ်။
(၂) ရေသန့်ဖြန့်ချိရေး ကုမ္ပဏီပိုင်ရှင်တဦးဖြစ်သူ Evian ဟာ နယူးယောက်မှာရှိတဲ့ ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အတွက် ရေပုလင်းပေါင်း ၁၉၅၀၀၀ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ Over Easy ကုမ္ပဏီ ကလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြီး Keurig Dr Pepper ကလည်း ကော်ဖီ ၊ ဖျော်ရည်တွေအပြင် အအေးဖျော်စက်တွေ လှူဒါန်းခဲ့ပါတယ်။
(၃) နာမည်ကျော် အလှကုန်ပစ္စည်း ကုမ္ပဏီတခုဖြစ်တဲ့ Dove ကလည်း “Courage is Beautiful” ကမ်ပိန်းကို ကပ်ရောဂါကို ရင်ဆိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဓာတ်ပုံပေါင်းများစွာကို အသုံးပြုပြီး ရည်ရွယ် ဂုဏ်ပြုခဲ့ပါတယ်။
(၄) “Give Meals, Give Hope” ဆိုတဲ့ကမ်ပိန်းကိုတော့ နာမည်ကျော် ကုမ္ပဏီကြီးဖြစ်တဲ့ Pepsi နဲ့ No Kid Hungry အဖွဲ့အစည်းတို့ပူးပေါင်းပြီး ကလေးတွေအတွက် တနေ့တာ သုံးနပ်စာ အခမဲ့ ကျွေးမွေးတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref. www.mindbodygreen.com
You may also like these stories:
ယူကေမှာ နေထိုင်တဲ့ မြန်မာဆရာဝန် COVID-19 ကြောင့် သေဆုံး
အာဖဂန်သမ္မတနန်းတော်ရှိ ဝန်ထမ်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
ကိုဗစ် ကူးစက်မှု ကျဆင်းပါက ထိုင်းမှာ ညမထွက်ရအမိန့် ဖြေလျှော့မည်