မြန်မာနိုင်ငံက နယ်မြို့များမှာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်နိုင်ရေးအတွက် ကုန်စိမ်း ဈေးခင်းပုံများကို နိုင်ငံတကာ အင်တာနက် အသုံးပြုသူများက သဘောကျနေကြတယ်လို့ သိရပါတယ်။
Jain Weraphong ဆိုတဲ့ Facebook အကောင့်က တင်ထားတဲ့ ဓာတ်ပုံတွေကို မျှဝေသူတွေ များခဲ့ပြီး အပြုသဘောဆန်တဲ့ မှတ်ချက်များ ပေးခဲ့ကြပါတယ်။ ဓာတ်ပုံဟာ ရှမ်းပြည်နယ်၊ ကလောမြို့က ဈေးတခုကို လမ်းမပေါ်မှာ အကွက်ချပြီး ခင်းထားတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ခင်းထားတာလည်း ဖြစ်ပါတယ်။
အဲဒီဈေးခင်းပုံဟာ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတဦးထံကနေ စတင် ပြန့်ပွားခဲ့တာ ဖြစ်ပြီး နိုင်ငံရဲ့ နယ်မြို့တော်တော်များများမှာ အဲဒီလို ဈေးခင်းပုံကို လိုက်လံ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှု ဒုတိယအနည်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး နံပါတ် ၁ နေရာမှာတော့ လာအိုနိုင်ငံ ရှိနေပါတယ်။
Ref. nationthailand.com
You may also like these stories:
ကိုဗစ်ကာလ တိုခြင်း၊ ရှည်ခြင်းက စည်းကမ်းလိုက်နာခြင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်
အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် အိမ်အရောက်ပို့စနစ်