မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တယောက် အစိုးရကပြုလုပ်တဲ့ အခမ်းအနားတွေကိုမတက်ဘဲ ပျောက်နေတဲ့အတွက် ရှာပုံတော်ဖွင့် မေးခွန်းတွေ ထုတ်နေကြပါတယ်။
Kim Jong Un အကြီးအကျယ် နေမကောင်း ဖြစ်နေသလား၊ ဒါမှမဟုတ် ကွယ်လွန်သွားပြီလားလို့ မီဒီယာတချို့က မေးခွန်းထုတ် ရေးသားခဲ့ပေမယ့် တောင်ကိုရီးယားနဲ့ တရုတ်အာဏာပိုင်တွေကတော့ Kim Jong Un အကြီးအကျယ် ဖျားနာနေတာ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် ထောက်လှမ်းရေး ဌာနတွေကတော့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ခွဲစိတ်ကုသမှုတခုအပြီးမှာ အိပ်ရာထဲ လဲပြီး အတော်ကို နာမကျန်းဖြစ်နေတယ်လို့ ဆိုပါတယ်။ Kim ကို ဧပြီလ ၁၁ ရက်နေ့က နောက်ဆုံးတွေ့ခဲ့ရပြီး ဧပြီလ ၁၅ ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဖိုးတော်သူ ခေါင်းဆောင်ကြီး ကင်အီဆွမ်းရဲ့ အထိမ်းအမှတ် မွေးနေ့ပွဲကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
Kim Jong Un ဟာ နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး ကျန်းမာရေး အခြေအနေဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်လို့ Daily NK ဆိုတဲ့ မြောက်ကိုရီးယား စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
၂၀၁၄ တုန်းကလည်း Kim Jong Un ဟာ လူမြင်ကွင်းက ခေတ္တခဏ ပျောက်ကွယ်သွားတဲ့အတွက် သတင်းတွေ ပလူပျံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ လက်ကိုင်တုတ်နဲ့ ထွက်လာပြတဲ့အတွက် သူ့ရဲ့ခြေကျင်းဝတ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
Kim Jong Un သေဆုံးခဲ့ရင် သူ့အရိုက်အရာကို ဘယ်သူဆက်ခံမလဲဆိုတာ ဝိုင်းပြီး မေးခွန်းထုတ်နေကြပါတယ်။ သူ့မှာတော့ Kim Yo-Jong ဆိုတဲ့ ညီမတဦး ရှိပါတယ်။ မြောက်ကိုရီးယား အာဏာရပါတီထဲမှာ ရာထူးကြီးကြီး ရယူထားသူလည်း ဖြစ်ပါတယ်။
You may also like these stories:
မြန်မာနိုင်ငံက ကိုဗစ် ကာကွယ်ရေး ဈေးခင်းပုံကို နိုင်ငံတကာက သဘောကျနေ
ထိုင်းဝန်ကြီးချုပ် ဘီလီယံနာတွေဆီ စာပို့
COVID-19 ကာလအတွင်း လူသားချင်း ကူညီနေကြတဲ့ ကမ္ဘာတဝှမ်းမှ အလှူရှင်များ