ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် Lockdown လုပ်နေရတဲ့အချိန်မှာ Community Quarantine လုပ်နေချိန်မှာ သင့်မှာ လိင်စိတ်ရှိရင် ဘယ်လိုလုပ်မလဲ။ ဒီအချိန်မှာတော့ လိင်ဆက်ဆံမှုပြုရင် လုံခြုံမှု ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းကိုလည်း ကျန်းမာရေး ပညာရှင်တွေက အမေးအဖြေ လုပ်ပြီး ဖြေရှင်းပေးကြတာ တွေ့ရပါတယ်။
Lockdown ကာလမှာ အတူနေကြတဲ့ စုံတွဲတွေ၊ လင်မယားတွေ ချစ်စခန်း ဝင်တာ ကိုဗစ်-၁၉ မကူးစက်နိုင်ပါဘူး။ Lockdown လို့ ပြောတာပါ။ သံသယရှိလူနာ၊ Positive လူနာလို့ မပြောပါဘူး။ သူတို့နဲ့တော့ ဆက်ဆံရင် မရဘူးဆိုတာ နားလည်ပြီးသား ဖြစ်ရမှာပါ။ ဒါပေမဲ့ သိထားရမှာက နမ်းရှုံ့တဲ့အတွက် ပါးပြင်ကိုနမ်း နှုတ်ဆက်ရင်တောင် ကိုဗစ်-၁၉ ကူးစက်နိုင်တယ်ဆိုတာ သိထားရမှာဖြစ်ပါတယ်။
ဒါကြောင့် Lockdown လုပ်နေရတဲ့ ကာလမှာ ကိုယ်လက် မအီမသာဖြစ်နေရင်၊ ဖျားချင်သလိုလို ဖြစ်နေရင် မိမိရဲ့ Partner ကို နားလည်အောင်ရှင်းပြပြီး မဆက်ဆံတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
Lockdown ကာလမှာ အခန်းထဲမှာ အိမ်ထဲမှာနေရင်း မိမိကိုယ်တိုင်ကလည်း ကျန်းမာလို့ ချစ်ပွဲဝင်ချင်တယ်ဆိုရင်တော့ သဘောအတိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သန့်သန့်ရှင်းရှင်း ဖြစ်သင့်တယ်လို့ American Sexual Health Association က အကြံပြုထားပါတယ်။
ကိုဗစ်-၁၉ ဟာ Semen (သုက်ပိုး) ကရော Vaginal Fluid (ယောနိအရည်) ကရော ကူးစက်တယ်လို့ မတွေ့ရှိရသေးပါဘူး။
Semen နဲ့ Vaginal Fluid မှာ ကိုဗစ်-၁၉ ကို တွေ့ရှိတယ်ဆိုတဲ့ အချက်အလက် မရှိသေးပါဘူး။ ဒါကြောင့် လင်နဲ့မယား စုံတွဲနှစ်ယောက်မှာ Lockdown ကာလမှာ Safe Sex အန္တရာယ်ကင်းတဲ့ ချစ်တင်းနှီးနှောခြင်း ပြုလုပ်လို့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုအချိန်မှာ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးတာကိုတော့ ရှောင်ကြဉ်သင့်တယ်။ မိမိနဲ့ ဆက်ဆံမယ့်သူကလည်း မိမိနဲ့ နေထိုင်သူ ရင်းနှီးသူပဲ ဖြစ်သင့်တယ်။ ဒီလိုလုပ်ဆောင်ရင်လည်း ကျန်းမာရေးနဲ့အညီ သန့်သန့်ရှင်းရှင်း ဖြစ်ရမယ်လို့ အကြံပြုထားပါတယ်။ သိထားရမှာက ကိုဗစ်-၁၉ ဟာ တံတွေးကနေ ကူးစက်နိုင်တယ်။ ချွဲသလိပ်၊ နှာရည်ကနေ ကူးစက်နိုင်တယ်။ လူတယောက် နှာချေရင် ချောင်းဆိုးရင် ၆ ပေအတွင်းကနေ ကူးစက်နိုင်တယ်။ ဒါကိုတော့ သိထားဖို့ လိုပါလိမ့်မယ်။
ဒါကြောင့် ကိုဗစ်ကာလမှာ Online ကနေ လိင်ဆက်ဆံမှုတွေ၊ Virtual Sex Parties တွေ လုပ်လာတာကို တွေ့နေရပါတယ်။ Zoom ကလည်း အဲဒီလို ပါတီလုပ်သူတွေကို ပိတ်ပင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။
လူဆိုတာ Social Animal ဖြစ်တဲ့အတွက် ဒီလို Stay Home တို့ Lockdown တို့ရဲ့ ဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါကြောင့် သူတို့ရဲ့ အချိန်တွေကို Online/Internet မှာသုံးပြီး မိတ်ဆွေတွေနဲ့ စကားပြောကြ၊ Virtual Party တွေ Virtual Cocktail Party တွေ လုပ်ကြသလို Virtual Sex ကိုပါ လုပ်လာကြတာ တွေ့ရပါတယ်။
ကိုဗစ်ကာလမှာ အလုံခြုံဆုံး၊ စိတ်အချရဆုံး Sex ကတော့ မိမိကိုယ်ကို အာသာဖြေခြင်းပဲလို့ အများက ကောက်ချက်ချကြပါတယ်။
You may also like these stories:
ယူကေမှာ နေထိုင်တဲ့ မြန်မာဆရာဝန် COVID-19 ကြောင့် သေဆုံး
ကိုဗစ်ကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံများရှိလာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစဉ်က အကြောင်းတွေကို ပြောပြတဲ့ မင်းသား Tom Hanks