Trend

ဘရာစီယာနဲ့ ချုပ်ထားတဲ့ Mask များ ဂျပန်မှာ ရေပန်းစားနေ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် ကမ္ဘာအနှံ့အပြားမှာ Mask ပြတ်လပ်ခြင်းတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ဒါကို အကောင်းဆုံးနည်းလမ်းနဲ့ အသုံးချသွားတာကတော့ ဂျပန် ကုမ္ပဏီတခု ဖြစ်ပါတယ်။ Atsumi Fashion လို့ အမည်ရတဲ့ ကုမ္ပဏီဟာ အမျိုးသမီးဝတ် ဘရာစီယာများကို Mask ပြုလုပ်ပြီး ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီဟာ ဘရာစီယာကို အသုံးပြုပြီး Mask ချုပ်လုပ်မယ့် အကြံဉာဏ်ကို ဝန်ထမ်းများထံမှ ရရှိခဲ့တာဖြစ်ပြီး ဘရာစီယာမှာ ပါဝင်တဲ့ အဝတ်စတမျိုးဟာ Mask တွေ ချုပ်လုပ်ချိန်မှာ သုံးတဲ့ အဝတ်စနဲ့ တူညီနေတာကြောင့် အခုလို ချုပ်ရောင်းခဲ့တာ ဖြစ်ပါတယ်။

“ကုမ္ပဏီအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ Mask ရှားပါးမှုတွေမှာ ကူညီချင်တာဖြစ်ပြီး ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Mask တွေဟာ ပြင်ပက ဝင်ရောက်မယ့် ဗိုင်းရပ်စ်ပိုးများကို တားဆီးနိုင်တဲ့ အပြင် ချောင်းဆိုး၊ နှာချေချိန်မှာ ထွက်သွားမယ့် ပိုးမွှားတွေကိုလည်း တားဆီးနိုင်တယ်”လို့ ကုမ္ပဏီရဲ့ အရောင်းတာဝန်ခံ Hiroshi Hinata က ပြောပါတယ်။

ကုမ္ပဏီဟာ သူတို့ အခြေစိုက်ရာ မြို့မှာ နေထိုင်သူများကို ကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်တာဖြစ်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းကောင်းခဲ့တယ်လို့ သိရပါတယ်။ ဘရာစီယာနဲ့ ချုပ်ထားတဲ့ Mask များဟာ ဂျပန် လူမှုကွန်ရက် အသုံးပြုသူတွေ ကြားမှာ ရေပန်းစားခဲ့တယ်လို့လည်း သိရပါတယ်။

Ref. japantimes.co.jp

You may also like these stories:

ပြည်တွင်း၌ Mask ထုတ်လုပ်ရန် လုပ်ငန်းရှင်များ စီစဉ်

Did you find apk for android? You can find new Free Android Games and apps.
Loading