အင်ဒိုနီးရှားနိုင်ငံမှာ Quarantine ကာလအတွင်း ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို မလိုက်နာတာကြောင့် တာဝန်ရှိသူတွေက ချိုးဖောက်သူတွေကို သရဲခြောက်တဲ့ အဆောက်အဦတွေမှာ ပိတ်ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဂျာဗားကျွန်း အရှေ့ပိုင်းမှာရှိတဲ့ Sragen စီရင်စု ခေါင်းဆောင်ကတော့ မြို့တော် ဂျာကာတာနဲ့ တခြား မြို့ကြီးတွေ မှာ Lockdown လုပ်ပြီးနောက်မှာ အမိန့်အသစ်ဆန်းတွေ ထုတ်ပြန်ခဲ့ရပြီး ဒေသခံလူတွေနဲ့ အဆင်ပြေအောင် လုပ်နေရတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားက လူဦးရေထူထပ်တဲ့ ဂျာဗာကျွန်းထဲက ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ကာကွယ်တဲ့အနေနဲ့ အပြင်က ဝင်လာသူတိုင်းကို သီးခြား ၁၄ ရက် နေထိုင်ရမယ့် စည်းကမ်းတွေ ထုတ်ပြန်ထားပေမယ့် မလိုက်နာတာမျိုးတွေ ရှိနေပါတယ်။
ဒါကြောင့်လည်း စီရင်စု ခေါင်းဆောင် Sukowati က အင်ဒိုးနီးရှား ရိုးရာပုံပြင်တွေထဲက လူအများ ယုံကြည်ထားတဲ့ သဘာဝလွန် အဖြစ်ပျက်တွေနဲ့ ဆက်စပ်ပြီး သရဲခြောက်လို့ စွန့်ပစ်ထားခဲ့တဲ့ နေရာတွေမှာ စည်းကမ်းချိုးဖောက်သူတွေ ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ Sukowati က စည်းကမ်းချိုးဖောက်သူတွေအတွက် သတ်မှတ်ပေးထားတဲ့ ကျောချမ်းစရာ နေရာမှာ ပိတ်ထားသူ ၅ ယောက် ရှိသွားပါပြီ။ “ရွာထဲမှာ လွတ်နေတဲ့ သရဲခြောက်တဲ့အိမ်တွေ အများကြီး ကျန်ပါသေးတယ်။ စည်းကမ်းမလိုက်နာရင်တော့ ဒီထဲထည့်ပြီး ပိတ်ထားရမှာပဲ” လို့ သူက ဆိုပါတယ်။
ဒေသတာဝန်ရှိသူတွေက ရွာထဲက သရဲခြောက်တယ်ဆိုတဲ့ အိမ်တွေမှာ နေထိုင်ရမယ့်သူတွေ အတွက် အိပ်ရာတွေကို ထားပေးထားသလို၊ လိုက်ကာတွေပါ ကာပေးထားပါတယ်။ ဒီထဲမှာ ပိတ်ခံထားရတဲ့ Heri Susanto ကတော့ သူနေခဲ့စဉ်တုန်းက သရဲခြောက်တာမျိုး မရှိခဲ့ရပါဘူးလို့ ဆိုပါတယ်။
“ဒါက လူတိုင်း စိတ်ချလုံခြုံအောင် လုပ်ပေးတာပါ။ ဖြစ်ခဲ့သမျှတွေကနေ သင်ခန်းစာရပါတယ်” လို့ စူမာတြားကျွန်းကနေ ရောက်လာတဲ့ Susanto က ဆိုပါတယ်။
Ref: Channel News Asia
You may also like these stories:
We Love Yangon အဖွဲ့နဲ့အတူ လိုအပ်နေသူတွေထံ လှူဒါန်းမှု လုပ်နေတဲ့ ထားထက်ထက်
“ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ယူတယ်”လို့ သရုပ်ဆောင် မေမြင့်မိုရ် ပြော
ကိုဗစ် တိုက်ဖျက်ရေးမှာ လှူဒါန်းနေကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ