Trend

အမေရိကန်က တိရစ္ဆာန်ရုံ တရုံမှာ ကျား ၈ ကောင် COVID-19 ကူးစက်ခံရ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ရှိတဲ့ Bronx တိရစ္ဆာန်ရုံမှာ ကျား ၇ ကောင်ဟာ COVID-19 ထပ်မံ ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ တိရစ္ဆာန်ရုံအတွင်းမှာ ရှိတဲ့ ကျား ၁ ကောင်က ဧပြီလ အစောပိုင်းကတည်းက ကူးစက်ခံထားရတာလည်း ဖြစ်ပါတယ်။

တိရစ္ဆာန်ရုံမှာ ရှိတဲ့ ကျား ၃ ကောင်နဲ့ ခြင်္သေ့ ၃ ကောင်ဟာ ချောင်းဆိုးခြင်း စတဲ့ ရောဂါလက္ခဏာများကို ပြနေခဲ့တာကြောင့် စစ်ဆေးကြည့်တဲ့အခါမှာ ရောဂါကူးစက်ခံထားရကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ၇ ကောင်မြောက် ကျားကတော့ ရောဂါလက္ခဏာ ပြခဲ့ခြင်း မရှိပေမယ့် စစ်ဆေးကြည့်တဲ့အခါမှာ ရောဂါရှိနေခဲ့တယ်လို့ သိရပါတယ်။

တိရစ္ဆာန်ရုံရဲ့ ပြောကြားချက်အရ တိရစ္ဆာန်များဟာ ရောဂါလက္ခဏာ ပြခဲ့ခြင်း မရှိတဲ့ တိရစ္ဆာန်ရုံဝန်ထမ်းမှတဆင့် ကူးစက်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တိရစ္ဆာန်ရုံကို ပိတ်ထားပြီး ကူးစက်ခံထားရတဲ့ ကျားများနဲ့ ခြင်္သေ့များကတော့ အစားပုံမှန် စားနေပြီး ဆိုးဝါးတဲ့ ရောဂါလက္ခဏာတွေကိုတော့ မပြနေဘူးလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

Ref. CNN

You may also like these stories:

သြစတြေးလျ တောမီးတုန်းက ကယ်ဆယ်ထားခဲ့တဲ့ ကိုအာလာများကို ပြန်လွှတ်ပေး

အမေရိကန်မှာ လုပ်ငန်း ပြန်လည်ပတ်မှုကြောင့် ပြည်သူနဲ့ အစိုးရကြား သဘောထား ကွဲလွဲ

Loading