ဝူဟန်မြို့မှာ COVID-19 ကူးစက် ပြန့်ပွားနေတဲ့အကြောင်း ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ် တင်ခဲ့တဲ့ တရုတ်နိုင်ငံသား ဂျာနယ်လစ်ဖြစ်သူ Li Zehua တယောက် ဒီကနေ့ အချိန်မှာတော့ လူမြင်ကွင်းမှာ ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။
သူ့ကို လူတွေ နောက်ဆုံးမြင်ခဲ့ရတာကတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကပါ။ ၂ လကြာ ပျောက်ဆုံးခဲ့ရတာဟာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အတင်းအဓမ္မ Quarantine ဝင်ခိုင်းတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ Li က ပြောပါတယ်။
ဝူဟန်မြို့မှာ ဆိုးရွားတဲ့ ကပ်ရောဂါ စတင်ဖြစ်ပွားနေတဲ့အကြောင်းကို ရှေ့တန်းကနေ မှတ်တမ်းတင်ခဲ့ သူ ၃ ယောက်ထဲ Li လည်း ပါဝင်ပါတယ်။
ဝူဟန်မြို့ရဲ့ ကပ်ရောဂါအကြောင်းကို ဆိုရှယ်မီဒီယာပေါ် တင်ပြီးနောက်ပိုင်း အေးဂျင့်အများအပြား Li နောက်ကို လိုက်ခဲ့ကြပါတယ်။ နောက်ရက်မှာတော့ လူ ၃ ယောက် သူ့တိုက်ခန်းကို ရောက်လာခဲ့ပြီး ဒေသရဲစခန်းကို ခေါ်ဆောင်ခံခဲ့ရသလို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သက်သေ အထောက်အထား မရှိတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ သူ့ကို စွဲချက် မတင်နိုင်ခဲ့ပေမယ့် အထိခိုက်မခံနိုင်တဲ့ ကပ်ရောဂါ ဧရိယာအတွင်း သွားရောက်ခဲ့တဲ့အတွက် Li အနေနဲ့ Quarantine ခံယူဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ Quarantine ဝင်နေစဉ်ကာလအတွင်း တနေ့ကို အစားအသောက် ၃ ကြိမ် ကျွေးမွေးပြီး လုံခြုံရေးအစောင့်တွေအပြင် CCTV ကနေ စောင့်ကြည့်ခံရတယ်လို့ Li က ပြောပါတယ်။
“သူတို့တွေ ကျနော့်ကို ကောင်းကောင်း ဂရုစိုက်ကြပါတယ်။ ကျနော်ဟာ Quarantine ကာလမှာ ကောင်းကောင်း အနားယူပြီး ကောင်းကောင်း စားသောက်ခဲ့ရတယ်”လို့ Li က ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့မှာတော့ Quarantine ကာလ ပြည့်သွားတဲ့အတွက် ပြန်လည် လွတ်မြောက်လာခဲ့ ပြီး မိသားစုနဲ့ အချိန်ဖြုန်းနေခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း ထိခိုက်ခဲ့သူတွေကို လည်း Li အနေနဲ့ အမြန်ပြန်ပြီး ထူထူထောင်ထောင် ဖြစ်လာစေချင်တဲ့ဆန္ဒ ရှိနေပါတယ်။
Li က “တရုတ်နိုင်ငံကို ဘုရားသခင် ကောင်းချီးပေးပါစေ၊ ကမ္ဘာသူ ကမ္ဘာသားတွေလည်း စည်းလုံးညီ ညွတ်ကြပါစေ”လို့ ဆုတောင်းပေးကြောင်း ပြောပါတယ်။
တဆက်တည်းမှာပဲ “ကျနော့်အနေနဲ့ ဆက်ပြီး တိတ်ဆိတ်နေဦးမှာတော့ မဟုတ်ပါဘူး။ ကျနော့် မျက်လုံးတွေ၊ နားတွေကိုလည်း ပိတ်ထားမှာ မဟုတ်ပါဘူး။ ဇနီးနဲ့ ကလေးတွေအတွက်တော့ ဒါဟာ ကောင်းတဲ့ဘဝ မဟုတ်ပါဘူး။ ကျနော် ဂျာနယ်လစ်သမားအဖြစ် ဆက်လက် ရပ်တည်နေရတဲ့ အ ကြောင်းကတော့ နောက်လူငယ်တွေ ကျနော့်လို လုပ်ရဲလာဖို့ပါပဲ။ လူငယ်တွေကိုလည်း မျှော်လင့်ပါတယ်”လို့ Li က ပြောခဲ့ပါတယ်။
Ref: theguardian
You may also like these stories:
အမေရိကန်က တိရစ္ဆာန်ရုံ တရုံမှာ ကျား ၈ ကောင် COVID-19 ကူးစက်ခံရ
Lockdown ချိုးဖောက်သူတွေကို “I am very sorry” အကြိမ် ၅၀၀ ရေးခိုင်းခဲ့တဲ့ အိန္ဒိယရဲတပ်ဖွဲ့
အင်ဒိုနီးရှားမှာ စည်းကမ်း မလိုက်နာသူတွေကို သရဲခြောက်တဲ့ အိမ်တွေထဲ ပိတ်ထား