Trend

ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို ထိုင်းမှာ အလှူအတန်း လုပ်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံမှာ COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေကို အလှူအတန်း  ပြုလုပ်ခဲ့ကြတဲ့ နေရာတချို့ကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး ဖော်ပြပေးချင်တဲ့နေရာကတော့ ပတ္တရားမှာရှိတဲ့ Bone Club ပါ။ ပတ္တရားမြောက်ပိုင်းမှာနေထိုင်ကြသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ COVID- 19 ကပ်ရောဂါကာလအတွင်း အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ အလှူအတန်း ပြုလုပ်ခဲ့ပါတယ်။

Bone Club ရဲ့ ဒါရိုက်တာဖြစ်သူ Nittipat Chokechaitanaporn နဲ့ တရုတ်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို ဆန်နဲ့ ကြက်ဥ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ COVID-19 ကာလအတွင်း ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ များပြားလာတဲ့အတွက် လူတွေအနေနဲ့ စားရေးသောက်ရေး ခက်ခဲလာပါတယ်။ နေ့စဉ်ဘဝမှာလည်း အစားအသောက်က အရေးကြီးပါတယ်။


ဒါကြောင့်လည်း Bone Club အနေနဲ့ အလုပ်လက်မဲ့ ဖြစ်သွားသူ တယောက်ချင်းစီကို ဆန် ၅ ကီလိုဂရမ်နဲ့ ကြက်ဥ ၁၀ လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တယောက်ချင်းစီရဲ့ သန့်ရှင်းရေးကိစ္စတွေကိုလည်း လေ့လာခဲ့တယ်လို့ သိရပါတယ်။

အလှူအတန်းလုပ်တယ်ဆိုတာ စီးပွားရေးလုပ်နေတာ မဟုတ်ပါဘူး။ အကျပ်အတည်း ကာလအတွင်း တကယ် လိုအပ်တဲ့လူတွေကို ကူညီပေးနေတာသာ ဖြစ်ပါတယ်။

နောက်ထပ်တနေရာကလည်း ပတ္တရားမြောက်ပိုင်းက ဘုန်းတော်ကြီးကျောင်းပါပဲ။ Wat Nongyai လို့ ခေါ်ပါတယ်။ ဘုန်းတော်ကြီးတွေကလည်း COVID-19 ကြောင့် ဒုက္ခနေရတဲ့ လူတွေကို တဖက်တလမ်းကနေ ကူညီလာကြပါတယ်။

ကျောင်းထိုင်ဆရာတော်ကြီးဖြစ်သူ Phra Khru Samuhayongyuth Kemataro နဲ့ သူတပည့်တွေကနေပြီး သူ့စီရင်စုအတွင်းမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေကို အစားအစာတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။

ဆရာတော်ကြီးက “COVID-19 ဟာ လူတွေကိုနာကျင်မှုများစွာယူဆောင်ပေးခဲ့ပါတယ်။ လူပေါင်းများစွာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ကြတဲ့အတွက် မိသားစုအတွက် အစားအသောက်တွေကိုလည်း မဝယ်နိုင်ကြတော့ပါဘူး။ ဘုန်းကြီးတို့ ကျောင်းအနေနဲ့ ဧပြီ ၃၀ ရက်နေ့ အထိ အစားအသောက်တွေ ဝေငှပေးသွားပါမယ်”လို့ မိန့်ကြားခဲ့ပါတယ်။

Ref: pattayamail

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading