Trend

အိမ်မှာ အလုပ်လုပ်သူတွေကို မီတာခ ၃ လစာ လျှော့ပေးမယ့် ထိုင်းနိုင်ငံ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်မှာပဲ အလုပ်လုပ်နေရသူတွေအတွက် လျှပ်စစ်မီတာခတွေကို လျှော့ပေါ့ပေးတော့မယ်လို့ ပြောကြားလိုက်ပါတယ်။

COVID-19 ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ ပြည်သူအများစုဟာ အိမ်မှာပဲ Work From Home အလုပ် လုပ်နေရတာကြောင့် လျှပ်စစ်မီတာခတွေ လျှော့ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အိမ်မှာပဲ အလုပ်လုပ်နေကြတဲ့ အိမ်ထောင်စုပေါင်း ၂၂ သန်း လောက်ကို မီတာခ လျှော့ပေးသွားမှာဖြစ်ပါတယ်။

လျှပ်စစ်ဝန်ကြီး Sontirat Sontijirawong က အခုလို မီတာခတွေ လျှော့ပေးဖို့ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးနဲ့ ဆွေးနွေးခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ အိမ်ထောင်စုပေါင်း ၂၂ သန်း အတွက် မတ်လ၊ ဧပြီလနဲ့ မေလ ၃ လစာ မီတာခကို အစိုးရဘက်က ဘတ်ငွေ ၂၃ ဒဿမ ၆၈ ဘီလီယံ ကျော် အဆုံးရှုံးခံ လျော့ချပေးခဲ့တာလည်း ဖြစ်ပါတယ်။

“အိမ်ထောင်စုတွေ ဝန်မပိအောင် လျှပ်စစ်ခတွေကို လျှော့ပေးလိုက်တာပါ။ ကိုဗစ် ကာလအတွင်း ထောက်ပံ့ရေး အစီအစဉ်အနေနဲ့ အိမ်မှာပဲ အလုပ်လုပ်နေရသူတွေ ကုန်ကျစရိတ် သက်သာသွားအောင် အစိုးရဘက်က ကူညီပေးတာလည်း ဖြစ်ပါတယ်” လို့ ဝန်ကြီး Sontirat က ဆိုပါတယ်။

လျှော့ပေါ့ပေးလိုက်တဲ့ မီတာခတွေကတော့ အိမ်သုံးမီတာတွေ အတွက်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကပါ လျှော့ပေါ့ပေးဖို့ ဆန္ဒ ရှိနေကြပါတယ်။ ဝန်ကြီးကတော့ စီးပွားရေးသုံး မီတာခတွေအတွက် စဉ်းစားပေးနေဆဲလို့ ဆိုပါတယ်။

အိမ်သုံးမီတာတွေကို ဖေဖော်ဝါရီလမှာ ဆောင်ခဲ့တဲ့အတိုင်း လျှပ်စစ်ယူနစ် ၈၀၀ ထိ သုံးစွဲနိုင်မှာဖြစ်ပေမယ့် ပိုများခဲ့ရင်တော့ ၅၀ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ လျှပ်စစ်ယူနစ် သုံးစွဲမှုများတဲ့ အိမ်ကြီးတွေဆိုရင် ကျသင့်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Ref: Bangkok Post

Did you find apk for android? You can find new Free Android Games and apps.
Loading