ကမ္ဘာတဝှမ်းပြန့်ပွားနေတဲ့ COVID-19 ကပ်ရောဂါနဲ့သက်ဆိုင်တဲ့ ဆေးဘက်ဆိုင်ရာအထောက် အကူပစ္စည်းတွေကို တရုတ်လုပ်ငန်းရှင်တွေကထုတ်လုပ်ပြီး ကမ္ဘာတဝှမ်းထောက်ပံ့ပေးနေသလို တရုတ်တိုင်းရင်းဆေးပညာရှင်တွေ ကလည်း ဒီကပ်ရောဂါဆိုးကြီးကိုတိုက်ထုတ်ပေးနိုင်မယ့် ဆေး ဝါးထုတ်လုပ်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက် နေကြပါတယ်။
တရုတ်တိုင်းရင်းဆေး လုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ ဆေးဝါးကျွမ်းကျင်သူတွေကလည်း COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး နဲ့ ကုသမှုနဲ့ပတ်သက်ပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပြီလို့ ပြောပါတယ်။ တရုတ်အင်ဂျင်နီယာအကယ်ဒမီက ထိပ်တန်းပညာရှင် Zhang Boli က တရုတ်တိုင်းရင်းဆေးလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဟာ ရောဂါကူးစက်ခံရတဲ့ လူနာအရေအတွက် လျော့ကျသွားအောင် သက်သေပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
COVID-19 ဟာ လက်ရှိအချိန်မှာ ကမ္ဘာတဝှမ်းပျံ့နှံ့မှုအရှိန်မြင့်တက်လာတာကြောင့် တရုတ်တိုင်းရင်းဆေး လုပ်ငန်းရှင်တွေက သူတို့ရဲ့ဆေးဝါးတွေကို ပြည်ပနိုင်ငံတွေဆီတင်ပို့နေသလို ပြည်တွင်း မှာလည်း လုံလောက်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ Sinopharm ဆေးဝါးလုပ်ငန်းရဲ့ လက်အောက်ခံကုမ္ပဏီတခုဖြစ်တဲ့ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်ရေးကုမ္ပဏီဟာ ရောဂါကူးစက်မှုနှုန်း မြင့်မားတဲ့ အီတလီနဲ့ပြင်သစ်နိုင်ငံတွေကို ယွမ် ၄ သိန်း (အမေရိကန်ဒေါ်လာ ၅၆၈၀၀)တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို လှူဒါန်းခဲ့ပါတယ်။
Sinopharm ရဲ့ လက်အောက်ခံကုမ္ပဏီတခုဖြစ်တဲ့ Tongjitang ကလည်း ပြင်သစ်နိုင်ငံကို ရောဂါ ကာကွယ်ရေး ပစ္စည်းတွေကိုလှူဒါန်းခဲ့ပြီး စုစုပေါင်း ယွမ် ၁၃၅၀၀၀ တန်ဖိုးရှိတဲ့ဒီပစ္စည်းတွေကို ၂ သုတ်ခွဲပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ Shijiazhuang Yiling ဆေးဝါးကုမ္ပဏီကလည်း COVID-19 ကာ ကွယ်ထိန်းချုပ်နိုင်ရေးအတွက် အီရတ်နိုင်ငံကို ယွမ် ၁ ဒဿမ ၇၈ သန်းတန်ဖိုးရှိတဲ့ Lianhuaqingwen သောက်ဆေးတွေကို လှူဒါန်းခဲ့ပါတယ်။
Beijing Tong Ren Tang တရုတ်ဆေး ဝါးကုမ္ပဏီကလည်း တရုတ်တိုင်းရင်းဆေးလုပ်ငန်းရှင်များအဖွဲ့ချုပ် အသိအမှတ်ပြု သောက်ဆေး အလုံး ၄၀၀၀ ကို စင်ကာပူနဲ့ တိုရွန်တိုတို့ကိုလှူဒါန်းခဲ့သလို တောင်ကိုရီးယားနိုင်ငံ ကိုလည်း အလုံး ရေ ၂၀၀၀၀ လှူဒါန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လအကုန်ပိုင်းလောက်တုန်းက တရုတ်အမျိုးသားကျန်းမာရေးဌာနက COVID-19 ကို ကုသပေးမယ့် ဆေးဝါးတွေကို တိုင်းရင်းဆေးနဲ့ အနောက်တိုင်းဆေးပေါင်းစပ်ပြီးထုတ်လုပ်မယ်လို့ ကြေညာခဲ့သလို တရုတ်တိုင်းရင်းဆေးကို ၉၁ ဒဿမ ၅ ရာခိုင်နှုန်းလောက် ပေါင်းစပ်ထုတ်လုပ် မယ်လို့ ကြေညာခဲ့ပါတယ်။
တရုတ်အမျိုးသားကျန်းမာရေးဌာနရဲ့ အကြီးအကဲဖြစ်သလို တရုတ်အမျိုးသားတိုင်းရင်းဆေးစီမံခန့် ခွဲမှုဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ Yu Yanhong က “တရုတ်တိုင်းရင်းဆေးဟာ တရုတ်နိုင်ငံအတွက် ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးမှာ မျှော်လင့် ချက်တခုဖြစ်လာပါပြီ” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်က Yiling ဆေးကုမ္ပဏီထုတ် Lianhuaqingwen ဆေးကို ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရဲ့ အသိအမှတ်ပြု ခွင့်ပြုချက်ရရှိခဲ့လို့ ထိုင်းဈေးကွက်ကို တင်ပို့ရောင်းချဖို့ ပြင် ဆင်နေပါပြီ။ ဒါပေမယ့်လည်း တရုတ်တိုင်းရင်းဆေးတွေဟာ COVID-19 ကို ကာကွယ်ထိန်းချုပ်နိုင် ဖို့ အခက်အခဲတချို့တော့ ရှိနေပါသေးတယ်။ ဆေးဝါးထုတ်လုပ်မှုကျွမ်းကျင်သူတွေရဲ့ပြောကြားချက် အရ နိုင်ငံအချို့ဟာ သူတို့ရဲ့ ဆေးဝါးဥပဒေတွေအရ ဆေးရုံတွေမှာ တရုတ်တိုင်းရင်းဆေးတွေကို သုံး စွဲခွင့်မပြုဘူးလို့ သိရပါတယ်။
လုံလောက်တဲ့ဆန်းသစ်တီထွင်မှုမရှိခြင်းနဲ့ အဆင့်နိမ့်တဲ့ရှေးရိုးစွဲထုတ်လုပ်မှုပုံစံတွေက နိုင်ငံတကာအဆင့် ကိုမထိုးဖောက်နိုင်တာဟာ တရုတ်တိုင်းရင်းဆေးတွေရဲ့ အားနည်းချက်တခုဖြစ်နေပါ တယ်။
တရုတ်ထိပ်တန်းပညာရှင် Zhang က “တရုတ်တိုင်းရင်းဆေးတွေရဲ့ သိပ္ပံနည်းကျအဆင့်အတန်းဟာ မကြာခင်မှာ နိုင်ငံတကာအဆင့် အတန်းကိုမှီဖို့ လိုအပ်နေပါတယ်။ တရုတ်ဆေးဘက်ဝင်အပင်တွေကို အမျိုးသားအရင်းအမြစ်မှတ် တမ်းမှာ စနစ်တကျဖော်ပြပြီး ဘေးဥပဒ်မဖြစ်စေနိုင်ဘူးဆိုတာ ကြေညာထားသင့်ပါတယ်။ တရုတ် ဆေးဘက်ဝင် အပင်တွေရဲ့ အရည်အသွေး ၊ အသုံးဝင်ပုံနဲ့ အန္တရာယ်ကင်းမှုတွေကို အာမခံပေးနိုင်ဖို့ လိုအပ်တယ်” လို့ ပြောခဲ့ပါတယ်။
Ref:thestar
You may also like these stories:
ဖိလစ်ပိုင်မှာ ကျန်းမာရေး ဝန်ထမ်း ၁ ထောင်ကျော် COVID-19 ရောဂါ ကူးစက်ခံရ
ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို ထိုင်းမှာ အလှူအတန်း လုပ်
အိမ်မှာ အလုပ်လုပ်သူတွေကို မီတာခ ၃ လစာ လျှော့ပေးမယ့် ထိုင်းနိုင်ငံ