နယူးယောက်မီးသတ်သမားရဲ့ ၅ လသားအရွယ် မွေးကင်းစကလေးငယ်တယောက်ဟာCOVID-19 ကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီကလေးငယ်ဟာ COVID-19 ကပ်ရောဂါဆိုးကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေထဲက တယောက်လည်းဖြစ်ပါတယ်။ ကလေးငယ်တွေဟာလည်း COVID-19 ရဲ့ သားကောင် အဖြစ်ကျရောက်နေကြရပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်ရဲ့နာမည်ဟာ Jay-Natalie ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ကတော့ နယူးယောက် မီးသတ်ဌာနက Jerel La Santa ဖြစ်ပြီး မိခင်ဖြစ်သူကတော့ Lindsey La Santa ဖြစ်ပါ တယ်။ ကလေးငယ်ဟာ ဆေးရုံမှာ ဆေးကုသမှု ၁ လခံယူပြီးတဲ့နောက် သေဆုံးသွားခဲ့တယ်လို့ နယူးယောက်မီးသတ်ဦးစီးဌာနက ကြေညာခဲ့ပါတယ်။
ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကမှ နယူးယောက်မီးသတ်ဌာနကို ဝင်ရောက်ခဲ့သူဖြစ်ပြီး အဲဒီလ မှာပဲ ကလေးငယ်ကို မိခင်ဖြစ်သူကမွေးဖွားခဲ့ပါတယ်။ သူမသေဆုံးရတာနဲ့ပတ်သက်ပြီး နယူးယောက်မီးသတ်ဦးစီးဌာနရဲ့ ဥက္ကဋ္ဌဖြစ်သူ Jose Prosper က သူမဟာ သူရဲကောင်းဆန်ဆန် သေဆုံးသွားခဲ့ရသူဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
ကလေးငယ်ကို မတ်လ ၂၁ ရက်နေ့ကတည်း Bronx ဆေးရုံကိုတင်ခဲ့ပါတယ်။ နှလုံးရောဂါလည်းရှိ တဲ့အတွက် ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေက စိုးရိမ်စရာအခြေအနေမှာရှိနေခဲ့ပါတယ်။ ဆေးရုံတက်စကတည်းက သူမရဲ့မိဘတွေဟာ သူမနားတချိန်လုံးရှိနေခဲ့တယ်လို့အဘွားဖြစ်သူ Wanda La Santa ကပြောပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်ဟာ မိဘတွေအတွက် သမီးဦးဖြစ်ပြီး ဘွားအေအတွက်လည်း မြေးဦး ဖြစ်တယ်လို့ သိရပါတယ်။ ကလေးငယ်ဆေးရုံတက်နေစဉ်ကာလအတွင်း လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၄၁၀၀ ရရှိခဲ့ပါတယ်။ ဒီငွေတွေထဲကနေပဲ ကလေးငယ်ရဲ့ အသုဘကိုကျင်းပမှာဖြစ်သလို ပို ငွေတွေကိုတော့ ကလေးဆေးရုံတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Ref:CNN
You may also like these stories:
COVID -19 ကာလ ကိုယ်အလေးချိန်မတက်အောင် နေထိုင်စားသောက်နည်းများ
လေထုညစ်ညမ်းရာက ထွက်လာတဲ့ အမှုန်အမွှားတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်လား
COVID -19 ကာလ မုန့်ဖုတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်