လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါအခြေအနေကြောင့် ကမ္ဘာ့သုံးပုံတပုံဟာ Lockdown ပြုလုပ်ထားရတာဖြစ်ပြီး စက်ရုံအလုပ်ရုံတွေလည်း လုပ်ငန်းလည်ပတ်မှု ရပ်တန့်ထားရတာဖြစ်တဲ့အတွက်ကြောင့် လေထုညစ်ညမ်းမှုဟာ သိသိသာသာကို လျော့ကျသွားခဲ့တာဖြစ်ပါတယ်။
သိပ္ပံပညာရှုထောင့်ကနေ ကောက်ယူထားတဲ့ စစ်တမ်းအသစ်တွေအရ ကမ္ဘာ့လေထုညစ်ညမ်းမှုဟာ အခုလို Quarantine ကာလအတွင်း သိသိသာသာလျော့ကျသွားခဲ့တာဖြစ်ပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် ကျဆင်းမှုနှုန်းဟာ ပဲရစ်မြို့မှာ ၅၄% မက်ဒရစ် ၊ မီလန်စတဲ့ မြို့တွေမှာ ၅၀% အထိ ရှိတယ်လို့ ဖော်ပြထားတာပါ။
(၁) Los Angeles , California
နေ့ရောညပါ အသက်ဝင်လှုပ်ရှားနေခဲ့တဲ့ Los Angeles မြို့ဟာဆိုရင် လေကြောင်းပျံသန်းမှုနဲ့ ကုန်းလမ်းသွားလာမှု ပိတ်ဆို့ထားတာကြောင့် အခုအချိန်မှာ လေထုညစ်ညမ်းမှု သိသိသာသာလျော့ကျနေပြီပဲဖြစ်ပါတယ်။
(၂) The India Gate , New Delhi
လေထုညစ်ညမ်းမှု လျော့ကျလာတဲ့အတွက် အိန္ဒိယရဲ့ အထင်ကရနေရာတခုဖြစ်ပြီး နိုင်ငံခြားခရီးသွားတွေကို အသွားများတဲ့ နယူးဒေလီမြို့ရဲ့ The India Gate ရဲ့ မြင်ကွင်းတိုင်းဟာ အုံ့မှိုင်းဝေဝါးမနေတော့တာကို တွေ့မြင်ရမှာပါ။
(၃) Milan , Italy
၂၀၀၈ခုနှစ်ရဲ့ မှတ်တမ်းအရဆိုရင်တော့ မီလန်မြို့ဟာ အီတလီနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးမြို့တမြို့အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ Lockdown ကာလအတွင်းမှာတော့ လေထုညစ်ညမ်းမှုဟာ သိသိသာသာ လျော့ကျသွားခဲ့ပြီး Lockdown မစတင်ခင် ၁လအလိုက ဓာတ်ပုံနှစ်ပုံကို ယှဉ်တွဲပြသထားတာဖြစ်ပါတယ်။
(၄) North Jakarta , Indonesia
အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျာကာတာမြို့ဟာဆိုရင်လည်း ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံး မြို့တွေထဲမှာ တမြို့အပါအဝင်ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်နဲ့ ၂၀၂၀ခုနှစ်တို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေကို နှိုင်းယှဉ်ဖော်ပြထားတာဖြစ်ပါတယ်။
Ref. www.boredpanda.com