မြောက်ကိုးရီးယားရဲ့ ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံအန်ဟာ သက်ရှိထင်ရှားရှိနေပြီး ကျန်းမာစွာ ရှိနေတယ်လို့ တောင်ကိုးရီးယားသမ္မတရဲ့ ထိပ်တန်းလုံခြုံရေးတဦးက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ အစိုးရရဲ့ သဘောထားရပ်တည်ချက်က ခိုင်မာတယ်။ ကင်ဂျုံအန်ဟာ သက်ရှိထင်ရှား ကျန်းမာလျက်ရှိပါတယ်”လို့ ထိပ်တန်းလုံခြုံရေးအကြံပေးဖြစ်သူ Moon Jae-in က CNN သတင်းဌာနကို ဖြေကြားခဲ့တာပါ။
ကင်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းများဟာ ဧပြီလ ၁၅ရက်နေ့က ကင်ဂျုံအန်ဟာ အဘိုးဖြစ်သူရဲ့ မွေးနေ့ပွဲကို တက်ရောက်ခြင်း မရှိတာကြောင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က နိုင်ငံတကာ သတင်းဌာနများမှာ ကင်ဂျုံအန်ရဲ့ ကျန်းမာရေးဆိုးရွားမှုအကြောင်းကို အကျယ်တဝင့် ရေးသား ဖော်ပြခဲ့ပြီးနောက်မှာ အခုလို ဖြေရှင်းချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ အပန်းဖြေမြို့ဖြစ်တဲ့ ဝန်ဆန်မြို့မှာ ဧပြီ ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ “သံသယဖြစ်စရာ လှုပ်ရှားမှုတွေ မတွေ့ရပါဘူး” လို့ တောင်ကိုရီးယားသမ္မတရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ဆိုပါတယ်။
အမေရိကန်အခြေစိုက် မြောက်ကိုရီးယားစောင့်ကြည့်အဖွဲ့ 38North ကလည်း ဂြိုဟ်တု ဓာတ်ပုံတွေကို သုံးသပ်မှုအရ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဝန်ဆန်မြို့ရှိ ကင်ဂျုံအန်တို့ မိသားစုအတွက် သီးသန့်ဘူတာရုံမှာ ကင်ဂျုံအန်ရဲ့ အထူးရထား ရပ်နားထားမှုကို တွေ့ခဲ့ရတယ်လို့ ပြောထားပါတယ်။
ဧပြီ ၂၇ ရက်နေ့ မှာတော့ မြောက်ကိုရီးယားအစိုးရသတင်းစာ Rodong Sinmun က ကင်ဂျုံအန်ဟာ Wonson Kalma ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်းစီမံကိန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများထံသို့ ကျေးဇူးတင်ကြောင်း စာတစ်စောင်ပေးပို့ခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။
ဒီသတင်းဟာ ကင်ဂျုံအန်နဲ့ ပတ်သက်ပြီး လတ်တလော ဆက်တိုက်ထွက်ပေါ်နေတဲ့ သတင်းတွေထဲက နောက်ဆုံးသတင်း ဖြစ်ပါတယ်။
Ref. CNN, AFP
You may also like these stories:
မင်းသား Hyun Bin ရဲ့ဓာတ်ပုံကို မှားယွင်း ဖော်ပြခဲ့တဲ့အတွက် CNN Indonesia တောင်းပန်
ခွဲစိတ်မှုအပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ် ရှိနေတဲ့ ကင်ဂျုံအန်