COVID-19 ရောဂါ ကာကွယ်ရေးအဖွဲ့အစည်းဟာ ထိုင်းနိုင်ငံအတွင်းမှာ ပြုလုပ်နေတဲ့ Lockdown ကို အချိန်ထပ်မံ တိုးမြင့်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။ ရောဂါထိန်းချုပ်ရေးအတွက် အကောင်းဆုံး လက်နက်ဖြစ်တဲ့ Lockdown ပြုလုပ်ခြင်းကို ထပ်ပြီးတိုးမြင့်မှာ ဖြစ်ပြီး ဈေးဝယ်စင်တာများနဲ့ အလှပြင်ဆိုင် စတဲ့ စီးပွားရေးလုပ်ငန်းများကိုတော့ ဖွင့်လှစ်ခွင့်ပြုထားမှာ ဖြစ်ပါတယ်။
ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့်ကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ခရီးသွားလာခွင့်များကိုလည်း ဆက်လက် တင်းကြပ်သွားဦးမှာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာအနေနဲ့လည်း စီးပွားရေးထက် ပိုပြီး အရေးကြီးတဲ့ နိုင်ငံသားများရဲ့ ကျန်းမာရေးကို အသားပေး ဂရုစိုက်သွားမှာ ဖြစ်တယ်လို့ COVID-19 ရောဂါကာကွယ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္လာနေ့က ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ပြောဆိုခဲ့ပါတယ်။
အခုလို ခွင့်ပြုမှု အချို့ပေးမှာနဲ့ ပတ်သက်ပြီး Siriraj ဆေးရုံရဲ့ ဌာနမှူးဖြစ်တဲ့ Prasit Watanapa လို ကျန်းမာရေးပညာရှင်တွေကတော့ ရောဂါကူးစက်မှု တိုးလာနိုင်တယ်လို့ အစိုးရကို သတိပေးထားကြပါတယ်။
အားလုံး ပိတ်ဆို့ထားပြီးတဲ့နောက်မှာ ဧပြီလ ၂၇ ရက်နေ့က ရောဂါကူးစက်ခံရသူ ၉ ဦးသာ ရှိခဲ့ပြီး ရောဂါကူးစက်မှု စတင်ကတည်းက အနည်းဆုံး အရေအတွက်လည်း ဖြစ်တာကြောင့် ဖြေလျော့မှုအချို့အပေါ် ကျန်းမာရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
Ref. Bangkok Post
You may also like these stories:
မေလ ၄ ရက်နေ့ကစပြီး အီတလီက စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်မည်
ဝူဟန်မြို့မှာ လူနာအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်အစိုးရ ပြော
ကင်ဂျုံအန် ကျန်းမာစွာရှိတယ်လို့ တောင်ကိုးရီးယား ပြော