Trend

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ၆ လအရွယ် ကလေးငယ်ရဲ့ အခြေအနေ

COVID-19 ရောဂါဟာ အခုအချိန်မှာ လူသားအားလုံး ခက်ခက်ခဲခဲ ရင်ဆိုင်နေရဆဲဖြစ်ပြီး ဆေးရုံတွေမှာလည်း ရောဂါကူးစက်သူဦးရေဟာ မြင့်တက်နေဆဲဖြစ်ပါတယ်။

ဆေးဝါးအထောက်အကူနဲ့ ကာကွယ်ရေးပစ္စည်းတွေ ပြတ်တောက်မှုကြောင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေပါ အသက်ဆုံးပါးရတဲ့ အဖြစ်အပျက်မျိုးတွေပါ ကြုံတွေ့ခဲ့ကြရတာပါ။ တဖက်မှာလည်း မျှော်လင့်ချက်တခုတည်းအတွက် တိုက်ပွဲဝင်နေတဲ့ အကောင်းမြင်စိတ်တို့ ဆက်လက် အားပြိုင်နေကြဆဲ ဖြစ်ပါတယ်။

Emma နဲ့ Wayne တို့ရဲ့ ၆လအရွယ် သမီးလေး Erin Bates ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတဦးဖြစ်ပြီး ဗိုင်းရပ်စ်ရဲ့ အဓိက ဦးတည်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ဆရာဝန်တွေအနေနဲ့ ရှာဖွေတွေ့ရှိခဲ့တာကြောင့် ထိရောက်တဲ့ ကုသမှုခံယူကာ တဖြည်းဖြည်း ပြန်လည်သက်သာလာပြီလည်း ဖြစ်ပါတယ်။

Erin နဲ့အတူ မိသားစုဝင်တွေဟာ ကလေးငယ်ရဲ့အသက်ရှင်ရေးအတွက် ရုန်းကန်ခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့ သောကြာနေ့မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ Erin ကို မွေးဖွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှာပဲ ဖြစ်လေ့ဖြစ်ထ နည်းပါးတဲ့ ရှားပါး နှလုံးရောဂါတခုကို ခံစားခဲ့ရတာပါ။ ဒီဇင်ဘာ ၂၃ရက်နေ့မှာတော့ အဲဒီနှလုံးရောဂါအတွက် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတာဖြစ်ပြီး တပတ်ခန့် ဆေးကုသမှု ဆက်လက် ခံယူခဲ့ရတာပါ။

ခွဲစိတ်မှုပြီးလို့ ဆေးရုံမှာရှိနေစဉ် အချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတခုဖြစ်တဲ့ အသက်ရှုကြပ်ခြင်းကို ခံစားခဲ့ရပြီး ကလေးရဲ့ အဆုတ်ဆီ လိုအပ်တဲ့ လေပမာဏ ရောက်ရှိဖို့ လေပြွန်တွေကို ကျဉ်းမြောင်းစေခဲ့တဲ့အထိ ဆိုးရွားခဲ့ပါတယ်။

မွေးရာပါ နှလုံးရောဂါနဲ့ အဆုတ်ကို အဓိကထား ထိခိုက်စေတဲ့ လေ့လာမှုတွေကို ပြုလုပ်ကုသပြီးချိန်မှာတော့ Erin ရဲ့ မိဘနှစ်ယောက်အတွက် သတင်းကောင်းကတော့ ၆ လအရွယ် ကလေးငယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်တဲ့အပြင် ဆေးပညာနယ်ပယ်အတွက်လည်း ထူးခြားတဲ့ မှတ်တိုင်တခုကိုထပ်မံ စိုက်ထူနိုင်ခဲ့ပါတယ်။

Ref. www.boredpanda.com

You may also like these stories:

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ

ထိုင်းတွင် Lockdown အချိန် ထပ်တိုးမည်

COVID-19 ဟာ မျက်လုံးမှာလည်း အချိန်ကြာမြင့်စွာနေနိုင်ကြောင်း လေ့လာတွေ့ရှိ

Loading