ဂျာမနီနိုင်ငံမှာ COVID-19 ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ Lockdown အစီအမံတွေကို သတိထား ဖြေလျှော့မှုတွေ စတင် လုပ်ဆောင်ခဲ့ရာ ကူးစက်မှုများ ပြန်လည် သိသိသာသာ တိုးလာတယ်လို့ ဂျာမနီ ကျန်မာရေး အဖွဲ့အစည်းရဲ့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။
သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ ရောဂါဗေဒပညာရှင်တွေက ကူးစက်မှုနှုန်းကို ၁.၀ အောက် ဖြစ်စေရန် အရေးတကြီး အားထုတ် လုပ်ဆောင်ခဲ့ကြပါတယ်။
ဂျာမနီမှာ အဓိပတိ အန်ဂျလာမာကယ်လ်က ပြည်နယ်တွေကို COVID-19 တိုက်ဖျက်ရေးအတွက် Lockdown အစီအမံများ အလွန်လျင်မြန်စွာ ဖြေလျှော့ပေးခြင်းအပေါ် ကန့်ကွက် သတိပေးခဲ့ပြီးနောက် မီဒီယာနဲ့ နိုင်ငံရေး နယ်ပယ်မှာ ပြင်းထန်တဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။
ဂျာမနီမှာ ဧပြီလအလယ်ပိုင်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ဝ.၇ အထိ ကျဆင်းသွားခဲ့ပေမယ့် Lockdown အစီအမံများ ဖြေလျှော့ပေးခဲ့ပြီးနောက် ၁.၀ အထိ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဒီကာလတွေမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းကလည်း ဂျာမနီမှာ တရက်ထက်တရက် မြင့်တက်လာခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြပါတယ်။
ဂျာမနီမှာ ဧပြီ ၂၉ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၁၅၉,၀၃၈ ဦးနဲ့ သေဆုံးသူ ၆,၁၆၁ ဦးရှိပြီး ပြန်လည် သက်သာလာသူ အရေအတွက် ၁၁၇,၄၀၀ ဦး ရှိတယ်လို့ သိရပါတယ်။
Ref. AFP, Reuters
You may also like these stories:
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ
ထိုင်းတွင် Lockdown အချိန် ထပ်တိုးမည်
COVID-19 ဟာ မျက်လုံးမှာလည်း အချိန်ကြာမြင့်စွာနေနိုင်ကြောင်း လေ့လာတွေ့ရှိ