ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၂၉ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ ၁၂၂ ဦးရှိကြောင်း ကြေညာခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ၁၂၂ ဦးနဲ့တင် ရပ်တန့်နေခဲ့တာ ဒီကနေ့ဆိုရင် ၁၇ ရက်မြောက် လာခဲ့ပါပြီ။ ၁၇ ရက်အတွင်း ရောဂါထပ်မံကူး စက်ခံရသူ လုံးဝ မရှိဘူးလို့လည်း သိရပါတယ်။
အရှေ့တောင်အာရှမှာ COVID-19 ကြောင့် လူသေဆုံးမှု မရှိတဲ့ နိုင်ငံစာရင်းထဲ လာအို၊ ဗီယက်နမ် အပြင် ကမ္ဘောဒီးယားနဲ့ အရှေ့တီမောနိုင်ငံလည်း ပါဝင်ပါတယ်။ ကူးစက်ခံရမှု အနည်းဆုံးကတော့ လာအိုနိုင်ငံဖြစ်ပြီး ဒုတိယမြောက် အနည်းဆုံးကတော့ အရှေ့တီမောနိုင်ငံ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ လာအိုမှာ ၁၉ ယောက် ၊ အရှေ့တီမောမှာ ၂၄ ယောက်သာ ရှိပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ COVID-19 ကြောင့် သေဆုံးသူ အင်ဒိုနီးရှားမှာ ၇၇၃ ယောက်၊ ဖိလစ်ပိုင်မှာ ၅၃၀ ယောက်၊ မလေးရှားမှာ အယောက် ၁၀၀ ၊ ထိုင်းနိုင်ငံမှာ ၅၄ ယောက် စင်ကာပူမှာ ၁၄ ယောက်၊ မြန်မာနိုင်ငံမှာ ၆ ယောက်နဲ့ ဘရူနိုင်းနိုင်ငံမှာ ၁ ယောက်တို့ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားမှာ COVID-19 ကူးစက်ခံရသူ ၁၂၂ ယောက်အနက် ၁၁၉ ယောက် ပြန်လည် သက်သာလာခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံအတွက် လက်ရှိ အခြေအနေဟာ စိတ်ကျေနပ်စရာကောင်းနေတာ အမှန်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ ရေရှည် စစ်ပွဲကို ဆင်နွှဲနေရတာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပိုပြီးပြုလုပ်ထားသင့်တယ်လို့ ပြောပါတယ်။
အကြောင်းကတော့ COVID-19 ဟာ နိုင်ငံတနိုင်ငံကို ရောက်ရှိပြီးတဲ့နောက်မှာ အဝေးကို ထွက်မသွားဘဲ အနီးအနားမှာတင် ရှိနေတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးချုပ် Nan Bunheng ကလည်း အခုအချိန်ဟာ ကျေနပ် ရောင့်ရဲနေရမယ့်အချိန် မဟုတ်သလို ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်အောင် ကြိုးစားရမယ့် အချိန်ဖြစ်တယ်လို့ ပြောပါတယ်။ COVID-19 ဟာ လူမှုအသိုင်းအဝိုင်းကနေ ကူးစက်နိုင်သေးတဲ့အတွက် လူတွေအနေနဲ့ နိုးနိုးကြားကြားရှိနေရမယ်လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ Or Vandine ကလည်း ဗိုင်းရပ်စ်ပိုး ဟာ လျင်လျင်မြန်မြန်ကိုပဲ ပြန့်ပွားနိုင်တဲ့ စွမ်းအား ရှိနေပါတယ်။ ၁၇ ရက်တိုင်တိုင် အသစ် ထပ်မံကူး စက်ခံရသူ မရှိသေးဘူးဆိုပေမယ့် လူတွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေကြဘဲ နိုးနိုးကြားကြား နေသင့် တယ်လို့ ပြောခဲ့ပါတယ်။
Ref: voacambodia
You may also like these stories:
ဂျာမနီမှာ Lockdown ဖြေလျှော့မှုကြောင့် ရောဂါကူးစက်မှု ပိုဆိုးလာ
အမေရိကန်မှာ COVID-19 ကူးစက်မှု ၁ သန်းကျော်ပြီ
၂၀၂၁ ထိ ကပ်ရောဂါ မကင်းစင်သေးရင် တိုကျိုအိုလံပစ်ပွဲတော်ကို ဖျက်သိမ်းနိုင်