Trend

အင်ဒိုနီးရှားမှာ COVID-19 ကြောင့် လူငယ်တွေ ပိုမိုသေဆုံးနေ

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 စတင် ပြန့်ပွားလာပြီတဲ့နောက်ပိုင်း အသက်ကြီးသူတွေထက် အသက်ငယ်သူတွေရဲ့ သေဆုံးမှု ပမာဏက ပိုများလာပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ရောဂါ ကူးစက်ခံရသူအရေအတွက်ကလည်း နေ့စဉ် အတက်အကျ ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစိုးရ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့မှာ COVID-19 လူနာသစ် ၄၁၅ ယောက် ရှိခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ၂၆၀ အထိ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ကူးစက်ခံရသူအရေအတွက်က နေ့စဉ် အတက်အကျ ရှိနေကြောင်း အင်ဒိုနီးရှားအစိုးရရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၉,၇၇၁ ယောက် ရှိနေပြီး သေဆုံးသူ အရေအတွက်ကတော့ ၇၈၄ ယောက် အထိ ရှိသွားခဲ့ပါပြီ။ ရောဂါကူးစက်မှုနှုန်းက နေ့စဉ် အပြောင်းအလဲ ရှိနေတဲ့အတွက် အင်ဒိုနီးရှားမှာ ဘယ်အချိန် ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်လာမလဲဆိုတာ ခန့်မှန်းရ ခက်နေပါတယ်။

COVID-19 အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Achmad Yurianto က ပြန်လည် ကျန်းမာလာသူ အရေအတွက် ၁၃၉၁ ယောက် ရှိနေပြီး ဧပြီ ၂၈ ရက် တရက်တည်းမှာ ကျန်းမာရေး ပြန်ကောင်းလာ သူ ၁၃၇ ထက် ပိုတယ်လို့ ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ သေဆုံးသူအရေအတွက်ကလည်း ၇၈၄ ယောက်အထိ ရှိသွားခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအတွက်တော့ နိုင်ငံအများစုက လက်ခံထားတဲ့ အမြင်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ နိုင်ငံအများစုမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် သေဆုံးသူ အများစုဟာ အသက်အရွယ် ကြီးရင့်သူတွေ ဖြစ်ကြတယ်လို့ လက်ခံထားကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးရသူတွေကို အုပ်စုခွဲပြီး လေ့လာကြည့်တဲ့အခါ အသက် ၃၀ နဲ့ ၅၉ နှစ်အကြား သေဆုံးသူ အရေအတွက်က ၃၆၄ ယောက် ရှိခဲ့ပါတယ်။ ဒုတိယ သေဆုံးမှု အများဆုံးအုပ်စုဖြစ်တဲ့ အသက် ၆၀ နဲ့ ၇၉ ကြား သက်ကြီးရွယ်အိုတွေကို လေ့လာကြည့်တဲ့အခါ COVID-19 ကြောင့် ၃၁၁ ယောက်သာ သေဆုံးခဲ့တယ်လို့ Ashmad က ပြောပါတယ်။

အသက် ၈၀ နဲ့ အထက် သေဆုံးသူ အရေအတွက်ကတော့ ၂၈ ယောက်သာ ရှိပြီး အသက် ၃၀ အောက်သေဆုံးသူကတော့ ၈၁ ယောက် ရှိတယ်လို့ သိရပါတယ်။ ကိန်းဂဏန်းတွေ ပိုမိုတိကျအောင်လို့ အင်ဒိုနီးရှားအစိုးရက ကွင်းဆက် တုန့်ပြန်မှုနည်းတွေကို အခြေခံပြီး ရလဒ်တွေကို စစ်ဆေးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သံသယလူနာပေါင်း ၈၆,၉၈၆ ယောက်ကို ဓာတ်ခွဲ စမ်းသပ်ပေးဖို့ ရှိနေပြီး ၆၇,၇၈၄ ယောက်ရဲ့ ဓာတ်ခွဲအဖြေတွေ ရရှိခဲ့ပါပြီ။ ဓာတ်ခွဲအဖြေ ရရှိခဲ့သူတွေအနက် ၉၇၇၁ ယောက် ဟာ COVID-19 ကူးစက်ခံထားရတယ်လို့ Achmad က ပြောပါတယ်။

နောက်ထပ် ဓာတ်ခွဲအဖြေ စောင့်နေသူ ၁၉,၂၀၂ ယောက် ကျန်ရှိနေပါသေးတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း တရက်ကို လူပေါင်း ၁၀,၀၀၀ စစ်ဆေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေ များပြားလွန်တဲ့ နိုင်ငံတနိုင်ငံပါ။ မြို့တော်ဖြစ်တဲ့ ဂျာကာတာမြို့ဟာ COVID-19 ကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ၄,၀၉၁ ယောက်ကူ းစက်ထားသလို နိုင်ငံရဲ့ ၄၂ ဒဿမ ၁ ရာခိုင်နှုန်း ကူးစက်ခံထားရပါတယ်။ ဂျာကာတာမြို့တော်ထက် လူဦးရေ ၄ ဆရှိတဲ့ အနောက် ဂျားဗားကတော့ ဒုတိယအများဆုံး ကူးစက်ခံထားရပြီး ၁,၀၀၉ ယောက် ရှိသလို နိုင်ငံရဲ့ ၁၀ ဒဿမ ၄ ရာခိုင်နှုန်း ရှိပါတယ်။

လူဦးရေ ၁၀ သန်းထက် မနည်းရှိတဲ့ ဂျာကာတာမြို့တော်ကြီးဟာ COVID-19 ကြောင့် လူ ၃ ဒဿမ ၆ သန်း ဆင်းရဲတွင်းနက်နေကြတယ်လို့ ဂျာကာတာ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ Anies Baswedan က ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

Ref: jakartaglobel.id

You may also like these stories:

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ

ထိုင်းတွင် Lockdown အချိန် ထပ်တိုးမည်

COVID-19 ဟာ မျက်လုံးမှာလည်း အချိန်ကြာမြင့်စွာနေနိုင်ကြောင်း လေ့လာတွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading