Trend

ထိုင်းမှာ အရက်ဆိုင် အားလုံး မေ ၃၁ အထိ ပိတ်မည်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ ထိုင်းနိုင်ငံက ယမကာဆိုင် အားလုံးကို ဧပြီလကုန်အထိ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားရာက မေလကုန်အထိ ဆက်ပြီး တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

“အရက်ရောင်းချခွင့်ကို ပိတ်ထားရတာက နိုင်ငံတော်က ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ချက်တွေထဲမှာ ပါရှိတာပါ။ အစိုးရက ထုတ်ပြန်ချက်အသစ်တွေ ပြန်ပြီး မထုတ်ပြန်မချင်း အရက်ရောင်းခွင့် မရှိပါဘူး”လို့ ပြည်ထဲရေး အမြဲတမ်းအတွင်းဝန်ဖြစ်တဲ့ Chatchai Promlert က ပြောပါတယ်။

အခုလို ရောင်းချခွင့်ကို ဆက်လက်ပြီး ပိတ်ပင်လိုက်တာဟာ နိုင်ငံအတွင်း ဝရုန်းသုန်းကားဖြစ်မှုတွေကို တားဆီးဖို့ ဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အရက်ရောင်းချခွင့်ကို ဆွန်ခရန်ပွဲတော်မတိုင်ခင်ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ လက်ရှိမှာ COVID-19 ရောဂါကူးစက်မှုကို အနည်းငယ် ထိန်းထားနိုင်ပြီ ဖြစ်ပေမယ့် အသွားအလာ ထိန်းချုပ်ခြင်းတွေကို ဆက်ပြီး ပြုလုပ်နေပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ဆိုင်အချို့ကို ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားပေမယ့် အရက် ရောင်းချခွင့်ကိုတော့ ဆက်ပြီး ပိတ်ထားဦးမှာဖြစ်ပါတယ်။

Ref. Bangkok Post

Did you find apk for android? You can find new Free Android Games and apps.
Loading