ကမ္ဘာတဝှမ်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါဟာ ၂၁ ရာစုမှာ လူသားမျိုးနွယ်တွေကို စိန် ခေါ်မှုအရှိဆုံး ရောဂါလို့ ဆိုနိုင်သလို နိုင်ငံတိုင်းက အစိုးရတွေဟာ ဒီရောဂါကို တိုက်ထုတ်နိုင်ဖို့ နည်း လမ်းတွေရရှိအောင် အဖြေရှာနေကြပါတယ်။
အခုအခါမှာတော့ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံက ရောဂါ တိုက်ထုတ်နိုင်မယ့်အဆင့် ၃ ဆင့် ပိုင်ဆိုင်ထားပြီး ဒီအဆင့်တွေကို ကမ္ဘာ့နိုင်ငံတွေ သိရှိနိုင်ဖို့ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Liu Xiaoming က ရေးသားမျှဝေခဲ့ပါတယ်။
ပထမအဆင့်ကတော့ ကမ္ဘာတဝှမ်းက လူသားတွေရဲ့ ကျန်းမာရေး လုံခြုံစိတ်ချရဖို့အတွက် လူတိုင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ပါ။ တရုတ်နိုင်ငံဟာ COVID-19 ရောဂါကို တိုက်ထုတ်ရာမှာ တရုတ် သမ္မတ ရှီကျင်းပင်နဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုနဲ့အတူ အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံပါ။ COVID-19 နဲ့ ရင်ဆိုင်ရတဲ့ စစ်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိရောက်မှု အရှိဆုံးဖြစ်အောင် ကြိုးပမ်းခဲ့ကြပါတယ်။
တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေဟာ ရောဂါပြန့်ပွားမှုကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေမယ့် အရေးပါတဲ့ အခြေအနေတခု ရောက်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ရောဂါထိန်းချုပ်မှုအခြေအနေက နိုင်ငံစီးပွားရေးနဲ့ လူမှုရေးကို ပြန်လည် တည်ငြိမ်လာဖို့ နီးစပ်နေပါတယ်။ ဒါဟာ တရုတ်အစိုးရရဲ့ တိကျတဲ့ လမ်းညွှန်ချက်တွေကို ပြည်သူတွေက လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ကြိုးစားခဲ့ကြလို့ပါ။
ပထမအဆင့်ကို ထိုက်သင့်သလောက် ကျော်ဖြတ်ပြီးချိန်မှာတော့ တရုတ်အစိုးရဟာ ဒုတိယအဆင့်ကို စတင် ကြိုးပမ်းခဲ့ပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံဟာ COVID-19 တိုက်ထုတ်မှုမှာ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ပိုမိုရရှိစေဖို့ပါပဲ။ COVID-19 ရောဂါတိုက်ထုတ်မှုဟာ တရုတ်အစိုးရရဲ့ လုပ်ငန်းစဉ်တခုအဖြစ် ရှိနေတုန်းပဲ ဆိုပေမယ့် ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံစီးပွားရေးကိုပါ လမ်းကြောင်းပေါ်ပြန်ရောက်အောင် တရုတ်နိုင်ငံက ကြိုးစားခဲ့ပါတယ်။
ကမ္ဘာတဝှမ်းနဲ့ ချိတ်ဆက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် စတင်ဖို့ ကြိုးပမ်းသလို လူသားတွေရဲ့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် စီးပွားရေးလုပ်ငန်းတွေကိုပါ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ COVID-19 နဲ့ ရင်ဆိုင်နေရချိန် ကာလအတွင်းမှာ အတွေ့အကြုံကောင်းတွေ အများ ကြီးရရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေကိုပါ အဲဒီအတွေ့အကြုံတွေကို မျှဝေပေးနိုင်ခဲ့ပါတယ်။ လူသားတွေ ကျန်းမာရေး လုံခြုံစိတ်ချစွာ ရှင်သန်နိုင်ရေး၊ သိပ္ပံနည်းကျ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို မျှ ဝေနိုင်ခဲ့ပါတယ်။
စောင့်ကြည့်ကုသမှုတွေ ပြုလုပ်တဲ့ ဗျူဟာတွေ အသုံးပြုခဲ့ပြီး ဗဟိုအစိုးရနဲ့ ဒေသန္တရ အဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တနိုင်ငံလုံးကလည်း ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ဝူဟန်မြို့ကို စောင့်ကြည့် ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
COVID-19 ရောဂါကို တိုက်ထုတ်တဲ့ ရှေ့တန်းစစ်မျက်နှာလို့ ခေါ်ဆိုရမယ့် ဝူဟန်မြို့မှာ တနိုင်ငံလုံးက ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄၂၀၀၀ လာရောက် ကုသပေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံဟာ COVID-19 ရောဂါဆိုးကို ထိုက်သင့်သလောက် ထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံ စီးပွားရေးနဲ့ လူမှုရေး ပြန်တည်ငြိမ်ဖို့ စတင်ကြိုးစားလာနိုင်ခဲ့ပါတယ်။
နောက်ဆုံးအဆင့်ကတော့ ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်မှုပါ။ ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းဆောင် ရွက်မှု မရှိဘဲ ဒီတိုက်ပွဲကို အနိုင်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အခုချိန်ဆိုရင် COVID-19 ကင်းစင်တဲ့ နိုင်ငံဆိုတာ မရှိသလောက်ပါပဲ။ တရုတ်နိုင်ငံဟာ COVID-19 ရောဂါတိုက်ဖျက်ဖို့ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူစိတ် ရှိစွာ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ပူးပေါင်းပြီး ရောဂါဖြစ်ပွားစေနိုင်တဲ့ အရာတွေ၊ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇတွေကို ကမ္ဘာကသိအောင် မျှဝေနိုင်ဖို့ နိုင်ငံပေါင်း ၁၅ နိုင်ငံက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို အဖွဲ့ ၁၇ ဖွဲ့ ခွဲပြီး ဖွဲ့စည်းပေးထားပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်က ကျွမ်းကျင်သူတွေနဲ့လည်း အတွေ့အကြုံတွေကို မျှဝေနေပါတယ်။
လူဦးရေ ၁ ဒဿမ ၄ ဘီလီယံ ရှိတဲ့ တရုတ်နိုင်ငံဟာ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဖိ အားတွေ အောက်မှာ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဆေးဝါးတွေ ၊ ရောဂါကာကွယ်ရေးပစ္စည်းတွေနဲ့ အခြားလိုအပ်တဲ့အထောက်အကူပြုပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်မှာ ဖြန့်ဝေနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းထားသလို နိုင်ငံတကာအစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေကို ကြီးမားတဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပါတယ်။
မကြာသေးခင်က COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ စွပ်စွဲ ချက်တွေ ရှိခဲ့သလို တရုတ်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကြိုးကိုင်နေတယ်လို့လည်း စွပ်စွဲခဲ့ ကြပါတယ်။ တရုတ်နိုင်ငံဆီကနေ တောင်းပန်မှုနဲ့ လျော်ကြေးငွေ လိုချင်နေကြပါတယ်။
အမှန်ကို မစူးစမ်းဘဲ ဥပဒေမဲ့ စွပ်စွဲချက်တွေဖြစ်တဲ့ နိုင်ငံရေး ဗိုင်းရပ်စ် တမျိုးပါပဲ။ ဒီစွပ်စွဲချက်တွေဟာ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ ကမ္ဘာ့ကပ်ရောဂါကို တိုက်ထုတ်နိုင်ဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုထက်ပိုပြီး ရွေးချယ်စရာ မရှိပါဘူး။
တရုတ်နိုင်ငံရဲ့ သမ္မတကလည်း COVID-19 ကို တိုက်ထုတ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ဖွင့် ဟဝန်ခံထားပါတယ်။ တရုတ်နိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကပ်ရောဂါဆိုးကို တိုက်ထုတ်ဖို့ အသင့်ဖြစ်နေပါပြီ။ ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အမှောင်ကာလတွေ ပျောက်ကွယ်ပြီး အနာဂတ်အလင်းရောင်ကို မြင်တွေ့ရမှာပါ။
(ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Liu Xiaoming ရေးသားသော “China has valuable lesson for the world in how to fight COVID-19” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။)
You may also like these stories:
ကမ္ဘာကြီးအတွက် COVID-19 ကပေးတဲ့ သင်ခဏ်းစာ ၅ ခု
ထိုင်ဝမ်ကို တရုတ်သိမ်းချိန်ရောက်ပြီလား
COVID-19 ကို ထိန်းချုပ်ဖို့ တရုတ်မှ ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံကို လာမည်