Trend

ဂျာမနီရှိ ဆိုင်များအားလုံး ပြန်ဖွင့်တော့မည်

Want create site? Find Free WordPress Themes and plugins.

COVID-19 တိုက်ဖျက်ရေး Lockdown အစီအမံတွေကို စတင်ဖြေလျှော့ပေးနေခဲ့တဲ့ ဂျာမနီနိုင်ငံမှာ မကြာခင် ဆိုင်များအားလုံး ပြန်ဖွင့်ပြီး ဘောလုံးပွဲများ ပြန်စခွင့်ပြုတော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဂျာမနီမှာ ဆိုင်သေးတွေကိုတော့ အစောပိုင်းကတည်းက ပြန်ဖွင့်ခွင့်ပေးခဲ့ပြီး ဆိုင်များအနေနဲ့ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံမှုနှေးကွေးစေရေး လူအချင်းချင်း ထိတွေ့မှုနည်းစေရန် ခပ်ခွာခွာနေကြရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ အကောင်ထည်ဖော်နေသရွေ့ ဖွင့်လှစ်ခွင့် ပြုထားတယ်လို့ သိရပါတယ်။

ဂျာမန်ပြည်နယ်တွေက ဘွန်ဒက်စ်လီဂါ ဘောလုံးပြိုင်ပွဲတွေကိုလည်း ပရိသတ် မပါဘဲ ကွင်းပိတ်ကစားစေမယ့် တင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့အတူ မေ ၁၅ ရက်နေ့မှာ ပြန်စခွင့်ပြုသွားမယ်လို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံ ပြည်နယ်ဝန်ကြီးချုပ်များက မေလ ၆ ရက်နေ့ မှာ အဓိပတိ အန်ဂျလာမာကယ်နဲ့ ကျင်းပပြုလုပ်သွားမယ့် အွန်လိုင်း အစည်းအဝေးအတွင်း COVID-19 တိုက်ဖျက်ရေး ပိတ်ပင်ကန့်သတ်မှုများကို နောက်ထပ် ဖြေလျှော့မှုတွေ ခွင့်ပြုပေးရန် သဘောတူညီကြလိမ့်မယ်လို့ အစည်းအဝေး ပြင်ဆင်မှုနဲ့ နီးစပ်မှုရှိသူ နှစ်ဦးက Reuters သတင်းဌာနကို မေ ၄ ရက်နေ့က ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်တွေက ဆိုင်ကြီးများကို မေ ၁၁ ရက်နေ့မှာ ပြန်လည်ဖွင့်ခွင့်ပြုဖို့ မျှော်လင့်ရတယ်လို့ နိုင်ငံတကာ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

ကလေးသူငယ်များလည်း အပြင်ထွက်ပြီး ဆော့ကစားနိုင်ဖို့ အတွက် ပန်းခြံများကိုလည်း ဖွင့်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အခုလို ပြန်လည် ဖွင့်လှစ်ပေးတာတွေဟာ ရောဂါထပ်မံပျံ့နှံ့ဖို့ လွယ်ကူလိမ့်မယ်လို့ ဝေဖန်နေသူတွေလည်း ရှိနေပါတယ်။

Ref. AFP,Reuters

You may also like these stories:

မလေးရှားရှိ ရွှေ့ပြောင်းလုပ်သား အားလုံး COVID-19 စစ်ဆေးမည်

ကိုဗစ်ကြောင့် US မှာ သေဆုံးသူ ၁ သိန်းကျော်နိုင်တယ်လို့ သမ္မတထရမ့် ခန့်မှန်း

COVID-19 ရောဂါကို ဆွီဒင် ဘယ်လို ထိန်းချုပ်လဲ

Did you find apk for android? You can find new Free Android Games and apps.
Loading