ဥရောပနိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံဟာ COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့လလောက်တုန်းကတော့ ဥရောပနိုင်ငံတွေထဲမှာ အီတလီနိုင်ငံဟာ COVID-19 ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဗြိတိန်နိုင်ငံက အီတလီနိုင်ငံထက် လူသေဆုံးမှု ပိုများလာခဲ့ပါတယ်။
COVID-19 ကြောင့် ဗြိတိန်နိုင်ငံက အီတလီနိုင်ငံထက် လူသေဆုံးမှုအများဆုံး ဖြစ်လာရတဲ့ အကြောင်းတွေထဲမှာ လူဦးရေ အချိုးအစားကြောင့်လည်း သက်ဆိုင်နေပါတယ်။ ဗြိတိန်နိုင်ငံမှာ လက်ရှိလူဦးရေက ၆၆ သန်း နီးပါးရှိနေပြီး အီတလီနိုင်ငံမှာတော့ သန်း ၆၀ သာ ရှိပါတယ်။ ဒါကြောင့်လည်း လူဦးရေနဲ့ သေဆုံးမှုနှုန်းကို အချိုးချကြည့်ရင် ဗြိတိန်နိုင်ငံက အီတလီနိုင်ငံထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း ပိုများနေပါတယ်။
COVID-19 ကြောင့် လူသေဆုံးမှုစာရင်းကို ကောက်ယူကြတဲ့အခါ နိုင်ငံအသီးသီးမှာလည်း ကွဲပြား ခြားနားတဲ့ ပုံစံတွေ ရှိနေပါတယ်။ ယူကေအစိုးရရဲ့ ဆေးဘက်ဆိုင်ရာအကြီးအကဲဖြစ်သူ Chris Whitty ကလည်း “COVID-19 ကြောင့် သေဆုံးမှုနှုန်းထားကို စာရင်းသွင်းကြတဲ့အခါ နိုင်ငံတိုင်းမှာ မတူညီတဲ့ပုံစံတွေ ရှိနေကြပါတယ်။ ဒီတော့လည်း တခုနဲ့တခု နှိုင်းယှဉ်ပြီးပြောနေတာတွေက အကျိုးမရှိတဲ့ အလုပ်တခုပါပဲ” လို့ ပြောခဲ့ပါတယ်။
အီတလီနဲ့ ဗြိတိန်ကို နှိုင်းယှဉ်ပြောတဲ့အခါမှာ မတူညီတဲ့အချက်တွေကို တွေ့လာရပါတယ်။ အီတလီ နိုင်ငံ၊ မီလန်မြို့ စောင့်ကြည့်လေ့လာရေးအဖွဲ့က သုတေသီတဦးဖြစ်သူ Eleonora Perobelli က “COVID-19 ကြောင့် သေဆုံးသူတွေကို ဆေးရုံတွေမှာ မှတ်ပုံတင်ထားပါတယ်။
မေလ ၅ ရက်နေ့ အထိ ဗြိတိန်နိုင်ငံမှာ လူပေါင်း ၄၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီ သေဆုံးသူစာရင်းထဲ ဆေးရုံပြင်ပမှာသေဆုံးသူတွေကိုလည်း ထည့်သွင်း ရေတွက်ထားပါတယ်။ အီတလီနိုင်ငံမှာတော့ “ဆေးရုံပြင်ပမှာ COVID-19 ကြောင့် လူဘယ်လောက် သေဆုံးခဲ့ရပြီလဲဆိုတာ ကျနော်တို့အနေနဲ့ မသိနိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ COVID-19 ကြောင့် ဗြိတိန်နိုင်ငံမှာ လူပေါင်း ၃၀,၆၁၅ ဦး သေဆုံးခဲ့ရပြီး ဖြစ်သလို အီတလီနိုင်ငံမှာလည်း လူပေါင်း ၂၉,၉၅၈ ယောက် သေဆုံးခဲ့ပါတယ်။
ကူးစက်ခံရသူအရေအတွက်ကို ကြည့်မယ်ဆိုရင်လည်း ဗြိတိန်နိုင်ငံမှာ ၂၀၆,၇၂၅ ယောက် ရောဂါ ကူးစက်ခံနေရပြီး အီတလီနိုင်ငံ မှာ ၂၁၅,၈၅၈ ယောက် ရှိနေပါတယ်။ ကူးစက်သူ အရေအတွက်မှာတော့ အီတလီနိုင်ငံက ဗြိတိန်နိုင်ငံထက် ပိုများပြီး သေဆုံးသူ အရေအတွက်မှာတော့ ဗြိတိန်နိုင်ငံက ပိုများပါတယ်။
Ref: BBC
You may also like these stories:
ပြင်သစ်မှာ ဒီဇင်ဘာလကတည်းက COVID-19 လူနာ စတင်တွေ့ရှိခဲ့
ကိုရိုနာက ပုလဲဆိပ်ကမ်း ဗုံးကြဲခံရမှုထက် ပိုဆိုးကြောင်း ထရမ့်ပြော
လေကြောင်းလိုင်းများ ပြန်လည် ပျံသန်းရန် ကမ္ဘောဒီးယား ကြိုးပမ်းနေ