COVID-19 ရောဂါ ကူးစက်မှုဟာ တကမ္ဘာလုံးမှာ ၄ သန်းကျော်ပြီလို့ သိရပါတယ်။ နိုင်ငံ တော်တော်များများမှာ အသွားအလာ ပိတ်ဆို့မှု အစီအမံတွေကို ဖြေလျှော့မှုတွေ ပြုလုပ်ပြီးနောက် ရောဂါကူးစက်မှုတွေ ပြန်များလာတာလည်း ဖြစ်ပါတယ်။
အသွားအလာ ဖြေလျှော့မှုတွေ ပြုလုပ်တဲ့အပေါ် ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။ ဂျာမနီနိုင်ငံမှာလည်း အသွားအလာ ဖြေလျှော့မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ရောဂါကူးစက်မှုက သိသိသာသာ တိုးမြင့်လာတယ်လို့ သိရပါတယ်။
အခုလို ရောဂါပျံ့နှံ့မှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုးရီးယားသမ္မတဖြစ်သူ Moon Jae-in က “အားလုံးပြီးဆုံးသွားပြီဆိုတာ အတည်မပြုနိုင်သေးသရွေ့ ပြီးဆုံးတယ်လို့ မဆိုနိုင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၃၄ ဦး တိုးလာပြီး ဒါဟာ ဧပြီလ ၉ ရက်နေ့ နောက်ပိုင်းမှာ အမြင့်ဆုံး ကူးစက်မှုနှုန်း ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက ထုတ်ပြန်တဲ့ သတင်းတွေအရ မေလ ၁၀ ရက်နေ့မှာ ရောဂါကူးစက်ခံရသူ ၁၄ ဦး ရှိခဲ့ပြီး ဒါဟာလည်း ဧပြီလ ၂၈ ရက်နေ့ နောက်ပိုင်းမှာ အမြင့်ဆုံးကူးစက်မှု ဖြစ်ပါတယ်။
ကူးစက်ခံရသူ ၁၄ ဦးမှာ COVID-19 စတင်ပျံ့နှံ့ရာ ဝူဟန်မြို့မှာလည်း ကူးစက်ခံရသူ ၁ ဦး ပါဝင်လာတယ်လို့ သိရပါတယ်။ ဝူဟန်မှာ ရောဂါကူးစက်ခံရသူ မရှိခဲ့တာ ရက်သတ္တပတ် ၅ ပတ် ကြာမြင့်ခဲ့ပြီး ဖြစ်ပြီး အခု ပြန်လည် တွေ့ရှိတာ ဖြစ်ပါတယ်။
Ref. Theguardians
You may also like these stories:
တိုကျိုက ဆေးရုံများမှာ COVID-19 လူနာများနဲ့ ပြည့်နေ
လက်ဆုပ်လက်ကိုင် ငွေကြေး မရှိတဲ့ သန်းကြွယ်သူဌေး အီလွန်မာ့စ်
ပတ္တရားကမ်းခြေမှာ ရေဆင်းကူးတဲ့ ခရီးသွားများ ဖမ်းဆီးခံရ