ရုပ်မြင်သံကြားနဲ့ အွန်လိုင်းကနေ ပညာသင်မယ့် စနစ် ထိုင်းမှာ စမ်းသပ်မည်
COVID-19 ကပ်ရောဂါဆိုးကြီးဟာ ကမ္ဘာတဝှမ်းလုံးက ကျန်းမာရေးနဲ့ စီးပွားရေး စနစ်တွေကို သာမက ပညာရေး စနစ်ကိုပါ စိန်ခေါ်လာတဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။
နိုင်ငံအများစုမှာလည်း COVID-19 ကြောင့် စာသင်ကျောင်းတွေကို ပိတ်ထားရပါတယ်။ ထိုင်းပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ပညာရေးနှစ်မှာ ရုပ်မြင်သံကြားလိုင်းတွေနဲ့ အွန်လိုင်းကနေတဆင့် ပညာသင်ကြားနိုင်ဖို့ စတင် စမ်းသပ်နေပါတယ်။
စာသင်ကျောင်းတွေမှာ ပညာသင်ကြားပေးတဲ့စနစ်က ကျန်းမာရေးလုံခြုံမှု မရှိနိုင်တော့တဲ့အတွက် လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ စတင်မယ့် ပညာရေးနှစ်မှာ ချန်နယ် ရုပ်သံလိုင်း ၁၇ လိုင်းနဲ့ အွန်လိုင်းကနေ ပညာသင်ကြားပေးသွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာ
နိုဝင်ဘာ ၁၄ ရက်ကနေ ၃၀ ရက်နေ့အထိကာ လကတော့ ကျောင်းပိတ်ရက်ဖြစ်ပြီး ဒုတိယစာသင်နှစ်ဝက်ကိုတော့ ၂၀၂၀ ၊ ဒီဇင်ဘာ ၁ ရက်နေ့ ကနေ ၂၀၂၁ ၊ ဧပြီ ၉ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။
စာသင်နှစ် ပြီးဆုံးချိန်မှာတော့ ၂၀၂၁ ဧပြီ ၁ ရက်နေ့ကနေ မေ ၁၆ ရက်နေ့အထိ ၃၇ ရက်တိတိ ကျောင်းပိတ်ပေးထားမှာ ဖြစ်ပါတယ်။ ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းသားတွေဟာ ၁ နှစ်တာ ပညာသင်ကြားရေးကာလအတွင်း ၅၄ ရက် အားလပ်ရက် ရရှိကြပါလိမ့်မယ်။
COVID-19 ပြန့်ပွားနေတဲ့ ကာလဖြစ်လို့ ထိုင်းပညာရေး ဝန်ကြီးဌာနအနေနဲ့ သင့်တော်မယ့် ပညာရေး စနစ်နည်းလမ်းတွေကို စတင်ပြင်ဆင်နေပြီ ဖြစ်သလို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ လိုက်လျောညီထွေဖြစ်အောင် ကြိုတင် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ ကျောင်းပိတ်ချိန် ကာလအတွင်းမှာလည်း သင်ကြားရေးနဲ့ ပတ်သက်တဲ့ အဆင့်မြင့်သင်တန်း ရှိနေပါလိမ့်မယ်။
ချန်နယ် ရုပ်သံလိုင်းများနဲ့ အွန်လိုင်းကနေ ပညာသင်ကြားပေးသွားမှာဖြစ်တဲ့အတွ
ဇူလိုင်လ ၁ ရက်နေ့မှာ စတင်မယ့် အဝေးသင် ပညာသင်ကြားရေးစနစ်နဲ့ ပတ်သက်ပြီး ထိုင်းပညာရေးဝန်ကြီးဌာနက လာမယ့် မေလ ၁၈ ရက်နေ့မှာ စတင်စမ်းသပ်မှုတွေ ပြုလုပ်ပါတော့မယ်။
လက်ရှိအနေအထားအရဆိုရင် နိုင်ငံအများစု အနေနဲ့ ကျောင်းတွင်းပညာသင်ကြားရေး စနစ်က စိန်ခေါ်မှုတွေ ရှိလာနေပါတယ်။ COVID-19 ကပ်ရောဂါဆိုးကြီးက သက်ဆိုင်ရာအစိုးရတွေရဲ့ ပညာသင်ကြားရေး စနစ်အတွက် အခက်အခဲ ဖြစ်လာစေပါတယ်။
Ref. Chiangraitimes
You may also like these stories: