Trend

ကိုဗစ်ကာလ အရှေ့တောင်အာရှမှာ ယာဉ်မတော်တဆမှု လျော့နည်း

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် မျှော်လင့်မထားတဲ့ ကောင်းကျိုးတခုကို အရှေ့တောင်အာရှက နိုင်ငံတွေမှာ ရရှိလိုက်ကြပါတယ်။ အဲဒါကတော့ ခရီးသွားခွင့် မရှိတာကြောင့် ယခင်က လူသေဆုံးမှု များတဲ့ လမ်းတွေမှာ အသေအပျောက် လျော့နည်းသွားတာ ဖြစ်ပါတယ်။

ယခင်က ထိုင်းနိုင်ငံမှာ ဆိုင်ကယ်နဲ့ ကားမတော်တဆမှုများကြောင့် သေဆုံးသူ အရေအတွက်ဟာ တနှစ်ကို ၂၁,၀၀၀ ခန့်ရှိ အမြဲရှိခဲ့ပေမယ့် အသွားအလာ ပိတ်ဆို့မှုကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့တဲ့ ဧပြီလက စပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ လျော့နည်းသွားတယ်လို့ ကုန်းလမ်းလုံခြုံရေးအဖွဲ့အစည်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မလေးရှားမှာလည်း ပိတ်ဆို့မှုတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ ယာဉ်မတော်တဆမှု ၃ ပုံ ၂ ပုံခန့် လျော့နည်းသွားတယ်လို့ မလေးရှားနိုင်ငံရဲ့ ယာဉ်ထိန်းရဲဌာနက ထုတ်ပြန်ပါတယ်။

အလားတူပဲ ဖိလစ်ပိုင်ရဲ့ မြို့တော် မနီလာမှာလည်း သွားလာခွင့် ပိတ်ပင်မှုတွေ စတင်ပြီးနောက် လမ်းများဟာ ပိုပြီး လုံခြုံလာတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ လမ်းများမှာ လူနာတင်ယာဉ်၊ အစားအသောက် ပို့ဆောင်ရေးယာဉ်နဲ့ ရဲကား စတဲ့ မရှိမဖြစ် ယာဉ်များကိုသာ သွားလာခွင့် ပေးထားတယ်လို့ သိရပါတယ်။

Ref. nytimes.com

You may also like these stories:

ယာဉ်မောင်းအားလုံး Mask တပ်ရန် Uber ထုတ်ပြန်

Loading