• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကိုဗစ် ကာလအတွင်း အချစ်မှတ်တိုင် စိုက်ထူခဲ့ကြတဲ့ စုံတွဲများ

by Aurora
16 May 2020
in Trend
A A
ကိုဗစ်ကာလမှာ လက်ထပ်ခွင့် တောင်းခဲ့တဲ့ ချစ်သူစုံတွဲ တတွဲ

ကိုဗစ်ကာလမှာ လက်ထပ်ခွင့် တောင်းခဲ့တဲ့ ချစ်သူစုံတွဲ တတွဲ

5.2k
VIEWS
Share on FacebookShare on Twitter

ချစ်သူတွေကြား လက်ထပ်ခွင့်တောင်းချိန်လေးမှာ တသက်လုံး အမှတ်ရနေဖို့ ကြိုတင် စီစဉ်ရတာတွေ၊ လက်စွပ်ဝယ်ဖို့အတွက် အပြင် ဝမ်းသာကြည်နူးရမယ့် အခိုက်တန့်လေးတွေ ဖန်တီးနိုင်အောင် လနဲ့ ချီပြင်ဆင်ရတာပါ။ အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ကျန်းမာရေးအတွက် ကန့်သတ်ချက်တွေ ရှိလာတဲ့အခါ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတဲ့ စုံတွဲတွေအတွက် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်မလဲ။

ကိုရိုနာဗိုင်းရပ်စ် ကာလမှာတောင် သူတို့ရဲ့အချစ်မှတ်တိုင် စိုက်ထူနိုင်ခဲ့ပြီး ကြည်နူးစရာအခိုက်တန့်လေးတွေကို ပိုင်ဆိုင်ခွင့်ရခဲ့ကြတဲ့ စုံတွဲတချို့အကြောင်းကို ပြန်လည် မျှဝေပေးချင်ပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
859
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
438
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
450

ဘဝမှာ တောင်တခါမှ မတက်ခဲ့ဖူးတဲ့ Micheal က တောင်တက်ရတာ သဘောကျတဲ့ ချစ်သူ Isabel အတွက် အချိန် ၂ နာရီခွဲကြာအောင် တက်ခဲ့ရတဲ့ တောင်ထိပ်မှာ လက်ထပ်ခွင့် တောင်းခဲ့တာပါ။ အခုလို အားလပ်ချိန် ရနေတုန်းမှာ ချစ်သူစိတ်တိုင်းကျ တောင်အတူတူ တက်ရင်း တောင်ထိပ်မှာ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့တာပါ။

နောက်ထပ်စုံတွဲကတော့ ဧပြီ ၁ ရက်နေ့မှာ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့တဲ့ Gregory ဟာ သူအလုပ်လုပ်နေတဲ့ ရတနာဆိုင် ပိတ်ထားရတာကြောင့် တန်ဖိုးကြီးလက်စွပ် မဝယ်နိုင်ခဲ့ပေမယ့် ချစ်သူ Jaime ကို ပလပ်စတစ် လက်စွပ် အကြီးကြီးနဲ့ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ April Fool မဟုတ်တဲ့ တကယ့်အစစ်မှန် သူတို့နှစ်ယောက်ရဲ့ COVID-19 ကာလအတွင်း အမှတ်တရ အဖြစ်အပျက်ပါပဲ။

ချစ်ခရီး ၄ နှစ်အကြာ ပထမဆုံး ချိန်းတွေ့ခဲ့တဲ့ စားသောက်ဆိုင်မှာ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားလုံး ကန့်သတ်လိုက်ချိန်မှာ Steve တယောက် လက်မလျှော့ခဲ့ပါဘူး။ ချစ်သူ Molly ကို လက်ထပ်ခွင့်တောင်းဖို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး စားသောက်ဆိုင်ပါကင်ရှေ့မှာ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ သူငယ်ချင်းတွေက Social distancing စည်းကမ်းအတိုင်း ကားတွေပေါ်ကနေ ဆိုင်းဘုတ်တွေ ထောင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

နှစ်ယောက်လုံး ဆရာဝန်တွေဖြစ်တဲ့ Daniel နဲ့ Ashely ကတော့ အစက နွေရာသီ ခရီးသွားဖို့ စီစဉ်ထားရာကနေ အခုလိုအခြေအနေကြီး ဖြစ်လာတာကြောင့် ခရီးစဉ်ဖျက်ပြီး ဆေးရုံမှာ လူနာတွေကို ကုသပေးနေသူတွေပါ။ Daniel က လွန်ခဲ့တဲ့ ၃ လကတည်းက လက်ထပ်ဖို့ ကြိုတင်စီစဉ်နေပေမယ့် အခုလိုအခြေအနေကြောင့် နောက်ဆုတ်လိုက်ရပေမယ့် အခွင့်ရေးရတုန်းမှာ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။

Ashely ခေတ္တခဏ အနားရချိန်မှာ ဓာတ်ပုံဆရာ တယောက်ကို အကူအညီတောင်းပြီး သူတို့ရဲ့အမှတ်တရတွေကို မှတ်တမ်းတင်ခိုင်းရင်း Daniel က လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။

Matthew နဲ့ Lia တို့စုံတွဲလေးကလည်း ချစ်စရာပါ။ အချစ်တွေ အစပြုခဲ့တဲ့ ဖလော်ရီဒါကမ်းခြေခရီးစဉ်ကို ဖျက်လိုက်ရပေမယ့် Matthew က အိမ်က ဧည့်ခန်းလေးကိုပဲ ကမ်းခြေရောက်နေသလို ခံစားရအောင် ပြင်ဆင်ပေးထားတဲ့အပြင် လက်ထပ်ခွင့်တောင်းချိန်မှာ နှစ်ယောက်ဆင်တူ Hawaiian ရှပ်အင်္ကျီတွေ ဝတ်ထားကြပါသေးတယ်။

နောက်ထပ် စုံတွဲတွေကတော့ အခုလို COVID-19 ကာလမှာ အပြင်ထွက်ပြီး မိတ်ဆွေ အပေါင်းအသင်းတွေ ရှေ့မှာ လက်ထပ်ခွင့် တောင်းချင်ပေမယ့် မဖြစ်နိုင်တာကြောင့် သူတို့ရဲ့ အမှတ်တရ အဖြစ်ပျက်လေးတွေကို မှတ်တမ်းတင်ရင်း ပြန်လည် ဝေမျှခဲ့သူတွေ ရှိသလို၊ Zoom ကနေတဆင့် တိုက်ရိုက်အားပေး ဆုမွန်ကောင်း တောင်းပေးခဲ့သူတွေလည်း ရှိပါတယ်။

တချို့ လက်ထပ်ခွင့် တောင်းကြတဲ့ စုံတွဲတွေဆိုရင် အကာအကွယ် Mask အုပ်ထားတဲ့ ပုံလေးတွေနဲ့ပါ COVID-19 ကာလ အမှတ်တရအဖြစ် ကျန်ရှိနေခဲ့တော့မှာပါ။

Ref: NY Times

You may also like these stories:

ထိုင်းမှာ Lockdown ကာလအတွင်း သေကြောင်းကြံစည်မှု များလာ

ဝန်ထမ်းတွေကို Work from Home အမြဲ လုပ်ခွင့်ပြုလိုက်တဲ့ Twitter

Your Thoughts …
Tags: ကိုဗစ်ကာလလက်ထပ်ခွင့်
Aurora

Aurora

Contributor

Similar Picks:

သရုပ်ဆောင် အေးမြတ်သူ  /  Aye Myat Thu's Facebook

ကိုဗစ် ဒုတိယလှိုင်းမှာ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တဲ့ အေးမြတ်သူ

by ချစ်ပိုး
14 January 2021
8.2k

ကိုဗစ် ပထမလှိုင်းတုန်းက ဆီပြန်ဟင်းတွေ စားဖြစ်လိုက်တယ်။ ထမင်းတွေလည်း အရမ်းစားတာ။ ၃၊ ၄ နပ် စားဖြစ်တာ။ အဲ့ချိန်မှာ အဆီတွေ တက်လာတယ်။

သရုပ်ဆောင် စမိုင်းလ် / Smile's Facebook

တပိုင်တနိုင် စီးပွားရေး လုပ်နေသူတွေကို အခမဲ့ ကြော်ငြာပေးမယ့် စမိုင်းလ်

by ယုဖြူဟန်
25 November 2020
5k

ဒီအစီအစဉ်ကိုတော့ အခုလို ကာလမှာ တနိုင်တပိုင် စီးပွားရေး လုပ်နေသူတွေ ကြော်ငြာခပေးဖို့ ဈေးအများကြီး မတတ်နိုင်သူတွေအတွက် ရည်ရွယ်ပြီး လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် ချမ်းချမ်းနဲ့ သမီးလေး မြမိုးဂင်္ဂါ / Chan Chan's Faecbook

ကိုယ်ဝန်လွယ်ထားတာ ၅ လရှိပြီလို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ချမ်းချမ်း

by ယုဖြူဟန်
1 December 2020
70.4k

“Single parent ဘဝဆိုတာ အမေအဖြစ်ရော၊ အဖေတယောက်လိုပါ အစစအရာရာ ကိုယ်တိုင် ရုန်းကန်ခဲ့ရလို့ ပင်ပန်းပေမယ့် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။

ငွေရေးကြေးရေး အဖွဲ့အစည်းတချို့ ရပ်ကွက်ကျေးရွာများ၌ ချေးငွေ ချထားပေးစဉ်  / Jasmines Season / Facebook

ချေးငွေ အတိုး အရင်းများကို အတင်းအကြပ် ကောက်ခံပါက လိုင်စင်ပိတ်မည်

by မျိုးပပစန်း
15 October 2020
36.9k

စီးပွားရေး လုပ်ငန်းများ လည်ပတ်မှု ကျဆင်းနေသည့် ကာလအတွင်း အသေးစား ငွေရေးကြေးရေး အဖွဲ့များ အနေဖြင့် ပြန်ဆပ်ငွေများကို အတိုးနှင့်အရင်းများ အတင်းအကြပ် ကောက်ခံခြင်းမပြုရန် ပြည်ထောင်စု အစိုးရက ထပ်မံ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်

ဇာတ်မင်းသား ဖိုးချစ် / Phoe Chit's Facebook

ဇန်နဝါရီလထဲမှာ ပရိသတ်ပါတဲ့ပွဲ ကျင်းပနိုင်အောင် ကြိုးစားနေတဲ့ ဖိုးချစ်

by ချစ်ပိုး
24 December 2020
2k

“ကိုဗစ်က ချက်ချင်း မပျောက်နိုင်ဘူး။ ရောဂါနဲ့ ယှဉ်တွဲနေထိုင်နေတာ ပွဲမလုပ်လို့ မရတော့ဘူး။ သဘင်သည်တွေ စားဝတ်နေရေး တောင့်ခံထားပေမယ့် စားဝတ်နေရေး တအားခက်နေပြီ။

ဒါရိုက်တာ ပြည်ဟိန်းသီဟ    / ဧရာဝတီ

အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်တွေကို ကူညီမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ

by ဧရာဝတီ
6 December 2020
4.1k

“ကျနော်သည် ဆန်ဝေ၊ ဆီဝေဖို့ မချမ်းသာပါ။ ကျနော့်မှာ ချမ်းသာတာဆိုလို့ စေတနာနဲ့ ပညာပဲ ရှိပါတယ်။ ပြေလည်တဲ့သူများလည်း အလုပ်လုပ်ချင်စိတ်ရှိရင် ဆက်သွယ်လို့ရပါသည်။

Next Post
ကြောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်ထားနိုင်သလို ရောဂါလက္ခဏာ မပြဘဲ တခြား ကြောင်တွေကိုလည်း ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ကြောင်အချင်းချင်း COVID-19 ကူးစက်နိုင်

အဆိုတော် တင်ဇာမော်  / ဧရာဝတီ

“COVID-19 ကြောင့် အားလုံး အလုပ်အကိုင်တွေ ပျက်ကြတယ်”

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

2 days ago
3.6k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate