Trend

နိုင်ငံအချို့ကို ကျန်းမာရေး အန္တရာယ်ဇုန်စာရင်းမှ ထိုင်းအစိုးရ ပယ်ဖျက်

Want create site? Find Free WordPress Themes and plugins.

COVID-19 နဲ့ ရင်ဆိုင်လာရပြီးနောက်ပိုင်း နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ အသွားအလာကန့် သတ် ပိတ်ပင်တာမျိုးတွေ လုပ်ခဲ့ကြပေမယ့် အခုချိန်ခါမှာတော့ အသွားအလာ ကန့်သတ်ထားမှုတွေကို တဖြည်းဖြည်းချင်း လျှော့ချလာနေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်အခါမှ ပျောက်ကွယ်သွားနိုင်မှာ မဟုတ်တဲ့အတွက် လူသားတွေအနေနဲ့ ဒီရောဂါနဲ့ ယှဉ်တွဲ နေနိုင်အောင် ကြိုးစားသွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ရေရှည် ရင်ဆိုင်သွားရမယ့် ကပ်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံအသီးသီးမှာလည်း မူဝါဒတွေ ချမှတ် အကောင်အထည် ဖော်နေကြပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ထိုင်းအစိုးရအနေနဲ့ အရင်က သတ်မှတ်ထားတဲ့ ကျန်းမာရေး အန္တရာယ်ဇုန် စာရင်းထဲကနေ နိုင်ငံတချို့ကို ပယ်ဖျက်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရ ပယ်ဖျက်လိုက်တဲ့ ကျန်းမာရေး အန္တရာယ်ဇုန် စာရင်းကို မေလ ၁၆ ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး အဲဒီစာရင်းထဲမှာ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်သလို ဟောင်ကောင်နဲ့ မကာအိုလည်း ပါဝင်ပါတယ်။

အခုလို ကျန်းမာရေး အန္တရာယ်ဇုန် စာရင်းကနေ ပယ်ဖျက်လိုက်တဲ့ အကြောင်းမှာ ထိုင်းအစိုးရက ပြန်လည် စတင်ဖို့ ပြင်ဆင်နေတဲ့ ခရီးသွားလုပ်ငန်းတွေကလည်း အကြောင်းတချက်အနေနဲ့ ပါဝင်နေပါတယ်။

တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ COVID-19 စတင် ပြန့်ပွားလာပြီးနောက်ပိုင်း ထိုင်းအစိုးရက ကျန်းမာရေး အန္တရာယ်ဇုန် စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ ကျန်းမာရေး အန္တရာယ်ဇုန် စာရင်းကို ထုတ်ပြန်ခဲ့တာ ထိုင်းနိုင်ငံ တနိုင်ငံတည်း မဟုတ်ဘဲ တခြားနိုင်ငံတွေကလည်း နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေကို ထုတ်ပြန်ခဲ့ကြပါသေးတယ်။

ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ စာရင်းထဲမှာ အီရန်၊ အီတလီစတဲ့ နိုင်ငံတွေလည်းပါဝင်ခဲ့ပါတယ်။ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ စာရင်းထဲမှာ ပါဝင်တဲ့ နိုင်ငံတွေကနေ ထိုင်းကို လာရောက်သူတွေဟာ ခရီးစဉ်မတိုင်ခင် ၃ ရက် အလိုက ကျန်းမာရေးထောက်ခံချက်ကို တင်ပြဖို့ လိုအပ်သလို ကျန်းမာရေးအာမခံ ထားရှိဖို့လည်း လိုအပ်ပါတယ်။

မတ်လ ၁၉ ရက်နေ့မှာတော့ ထိုင်းနိုင်ငံအနေနဲ့ နောက်ထပ် ၁၀ နိုင်ငံကို ကျန်းမာရေး အန္တရာယ်ဇုန် စာရင်းထဲ ထပ်မံ ဖြည့်စွက်ခဲ့ပါတယ်။ အဲဒီ ၁၀ နိုင်ငံကတော့ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ ဂျပန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ပါတယ်။

Ref: chiangraitimes

Did you find apk for android? You can find new Free Android Games and apps.
Loading