Trend

ကိုဗစ်ကာလအတွင်း ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး ဈေးကွက် ပိုကြီးထွားလာ

ရွှေတြိဂံဒေသဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒေသတခုပါ။ COVID-19 ကြောင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအများစုရဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေပေမယ့် မြန်မာ – လာအို – ထိုင်း နယ်စပ်တဝိုက်မှာတော့ ကပ်ရောဂါကာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု လုပ်ငန်းတွေက ပိုမိုကြီးထွားလာနေပါတယ်။

ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ မူးယစ်ဆေးရဲ့ ဈေးနှုန်းတွေက ကျဆင်းနေပေမယ့်လည်း ရွှေတြိဂံဒေသမှာတော့ COVID-19 ကို အခွင့်အရေးယူပြီး မူးယစ်ဆေးဝါးတွေ အရှိန်အဟုန် မြင့်ပြီး ထုတ်လုပ်နေတယ်လို့ Chiang Rai Times သတင်းမှာ ဖော်ပြထားပါတယ်။

ရွှေတြိဂံဒေသမှာ ဘိန်းမည်းနဲ့ ဘိန်းဖြူ ထုတ်လုပ်မှုနှုန်း ကျဆင်းနေပေမယ့် စိတ်ကြွဆေးအပါအဝင် အခြားဓာတု မူးယစ်ဆေးဝါးတွေကိုတော့ ပိုမိုပြီး ထုတ်လုပ်လာနေပါတယ်။ မူးယစ်ဆေးဝါးတွေရဲ့ ဈေး နှုန်း ကျဆင်းသွားတဲ့အတွက် သုံးစွဲသူပမာဏ ပိုများလာတယ်လို့ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံကလည်း အစီရင်ခံ တင်ပြထားပါတယ်။

“မူးယစ်ဆေးဝါး ဈေးကွက်ကို တိုးချဲ့နိုင်အောင် စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဈေးကွက်ကို စီမံခန့်ခွဲနိုင်ဖို့ဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲပေမယ့် တကယ်ရှိနေတဲ့ အရာတွေ ဖြစ်နေပါတယ်”လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ (UNODC) ကိုယ်စားလှယ် Jeremy Douglas က အခုလို ပြောပါတယ်။

COVID-19 ကြောင့် ကမ္ဘာတဝှမ်းလုံး ဖိအားတွေအောက် ရောက်နေရတဲ့အချိန်မှာ ရွှေတြိဂံလို ဒေသတွေက မူးယစ်ဆေးထုတ်လုပ်မှုနဲ့ လူကုန်ကူးမှုတွေ ပိုပြီးလုပ်ဆောင်နေတာ တွေ့ရပါတယ်။ UNODC ရဲ့ တရားမဝင် မူးယစ်ဆေး လေ့လာဆန်းစစ်သူ Inshik Sim ကလည်း အရှေ့တောင် အာရှမှာတော့ ဘန်ကောက်နဲ့ မနီလာမြို့ဟာ မူးယစ်ဆေးဝါး ဈေးကွက် အကြီးမားဆုံးဒေသတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

COVID-19 ကာလမှာတော့ မူးယစ်ဆေး ရောင်းဝယ်မှုက ပုံစံ ပြောင်းသွားပါတယ်။ အသွားအလာ ကန့်သတ် ပိတ်ပင်တာမျိုးတွေ လုပ်ထားတဲ့အတွက် မူးယစ်ဆေးရောင်းဝယ်မှုကို Facebook ၊ Line နဲ့ Twitter မှာ ပြုလုပ်လာကြတာ တွေ့ရတယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်မှု ဘုတ်အဖွဲ့ရဲ့ လက်ထောက်အတွင်းရေးမှူး Paisith Sungkahapong က ပြောပါတယ်။

ကိုဗစ် ကာလအတွင်း ဆိုရှယ်မီဒီယာတွေကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ ပိုများလာနေတယ်လို့ သိရပါတယ်။

Ref: chiangraitimes

You may also like these stories:

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုတွေအတိုင်း နေစေချင်တယ်”

Loading