Trend

ပြင်သစ်က မူလတန်းကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိလာ

Want create site? Find Free WordPress Themes and plugins.

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အသွားအလာအကန့်အသတ် Lockdown ကာလ ဖြေလျော့အပြီး မေလ ၁၁ ရက် ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းသား ၁.၄ သန်းကျော် ကျောင်းပြန်တက်ခဲ့ကြပါတယ်။ ဒီထဲကမှ အလယ်တန်းကျောင်းသား ၅ သိန်းကျော်လည်း Lockdown ကာလအပြီး တပတ်အကြာမှာ စာသင်ခန်းတွေဆီ ပြန်လည်ရောက်လာကြပါပြီ။

ပြန်ဖွင့်လိုက်တဲ့ ကျောင်းတွေထဲက တက်ရောက်နေတဲ့ မူကြိုနဲ့ မူလတန်းကျောင်းသားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၇၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မူကြိုနဲ့ မူလတန်းကျောင်းအများအပြားကို ပြန်ပိတ်ပစ်ခဲ့ရပါ တယ်။ ပြင်သစ်မီဒီယာ တွေမှာ ဖော်ပြချက်အရ ပြင်သစ်မြောက်ပိုင်းက ကျောင်း ၇ ကျောင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိတာကြောင့် ပြန်လည် ပိတ်ပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြင်သစ်ပညာရေးဝန်ကြီး Jean-Michel Blanquer က ပြောကြားချက်အရ ကျောင်းတော်တော်များများ ချက်ချင်း ပိတ်ပစ်လိုက်ရပြီး သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်အောင် လုပ်ဆောင်သွားမယ် လို့ဆိုပါတယ်။

ဒါ့ပြင် ပထမဆုံးကျောင်းတွေပြန်ဖွင့်အပြီးမှာ အခုလိုကူးစက်မှုတွေကြောင့် နောက်ထပ်သတိပြုရှောင်ကြဉ် ရမှာတွေ ကျန်ရှိနေသေးတယ်ဆိုတာ ပြလိုက်တာပဲလို့ ဆိုပါတယ်။ အခုလို ကူးစက်မှုတွေဟာ ကျောင်းတွင်းက မဟုတ်ဘဲ ပြင်ပကနေ ကူးစက်လာတာလို့ ဝန်ကြီး Blanquer က ပြောကြားလိုက်ပါတယ်။ ကူးစက်မှု ၇၀ ထဲမှာ ကျောင်းသားနဲ့ ဆရာဘယ်နှယောက်ဆိုတာမျိုး အတိအကျပြောသွားတာမရှိပါဘူး။

ဒီတပတ်အတွင်း ပြန်ဖွင့်မယ့် အလယ်တန်းကျောင်းတွေကို စိတ်ချရအောင် ကူးစက်မှုမရှိတော့တဲ့ အစိမ်းရောင်နယ် မြေထဲက ကျောင်းတွေကိုပဲ ပြန်ဖွင့်ခွင့်ပြုသွားမှာပါ။ ဒီထဲမှာ ကူးစက်မှုနှုန်းရှိနေသေးတဲ့ မြို့တော်ပါရီက ကျောင်း တွေမပါဘူးလို့လည်း ဆိုပါတယ်။

ပြင်သစ်နိုင်ငံမှာ နောက်ထပ်အသံတိတ်ကူးစက်မှုအဖြစ် ကလေးငယ်တွေမှာ Kawaski ရောဂါပိုးကြောင့် ယခင် အပတ်က ပထမဆုံးကလေးငယ်သေဆုံးသွားခဲ့ပြီး ဆရာဝန်တွေကတော့ ဒီရောဂါဟာ COVID-19 ရောဂါကနေ အစပြုခဲ့တာလို့ ကောက်ချက်ချနေပါတယ်။ လက်ရှိအချိန်ထိ ကလေးငယ် ၁၂၅ ယောက်ဟာ Kawaski ရောဂါ ပိုး ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံက လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် စုစုပေါင်း ၁၈၀,၈၀၉ ဦး ကူးစက်ခံထားရပြီး သေဆုံးသူ ၂၈,၀၂၂ဦး ရှိပြီဖြစ်ပါတယ်။

Ref: abc News

You may also like these stories:

တရုတ်မှာ COVID-19 လူနာအသစ်များ ထပ်မံတွေ့ရှိ

ဝန်ထမ်းတွေကို Work from Home အမြဲ လုပ်ခွင့်ပြုလိုက်တဲ့ Twitter

ကပ်ရောဂါ ကာလအတွင်း အငတ်ဘေး ရင်ဆိုင်နေရတဲ့ ဟေတီနိုင်ငံ

Did you find apk for android? You can find new Free Android Games and apps.
Loading